LØVE YØU ( Surprise)

10.4K 1.1K 86
                                        

Surprise 💐

Park အိမ်တော်၏ အရှင်သခင်ဆိုသော အရှိန်အဝါနှင့်အညီ ခမ်းနားထည်ဝါလွန်းတဲ့ အိပ်ခန်းအတွင်းရှိ ရွှေရောင်ကုတင်ထက်တွင် ဖြစ်သည်။ မိသားစုလေးယောက် အိပ်စက်အနားယူဖို့ရာ အလုံအလောက် ကျယ်ဝန်းသော ကုတင်ပေါ်တွင် Chanyeol နှင့် Baekhyun သည် မျက်နှာချင်းဆိုင် အနေအထားဖြင့် လှဲနေ၏။

သူတို့နှစ်ယောက်ကြားထဲတွင်တော့ ၇ လသား အရွယ် သားသားလေးနှစ်ယောက်လည်း ရှိသည်။

အဖေနှစ်ယောက်၏ ရင်ခွင်ကြားမှာ နို့ဘူးလေးတွေ ကိုယ်စီဖြင့် မှိန်းနေသော တုတ်တုတ်ခဲခဲ ဗလကြီးနှစ်ယောက်ဟာ သူ့ရဲ့ ရင်နှစ်သည်းခြာ ရတနာလေးတွေပါတဲ့လေ....
Baekhyun ရင်ခွင်ထဲက အငယ်လေးကတော့ အိပ်မောကျသွားပြီမို့ တပ်လျှက်သား နို့ဘူးလေးကို အသာ ဆွဲယူလိုက်သည်။ ထို့နောက် ကလေးစောင်ပါးလေးတစ်ထည်ကို ရင်ဘတ်နားထိလုံအောင် ခြုံပေးလိုက်၏။

အသေအချာနေရာချပေးပြီးတဲ့အခါ မျက်စိရှေ့က သားအဖနှစ်ယောက်ဆီ အကြည့်ပို့မိတော့ နို့ဘူးစို့ပြီး ဇိမ်ယူနေတဲ့ အကြီးလေးကို ဘေးနားကပ်ကာ လိုက်စနေပါတဲ့ Chan....
ပါးဖောင်းဖောင်းလေးကို ဖိနမ်းလိုက် အမြွှာနှစ်ယောက်လုံး အပူကြောက်လို့ ဝတ်ပေးထားရတဲ့ စွပ်ကျယ်လေးကြောင့် ပေါ်နေတဲ့ လက်မောင်းတုတ်တုတ်ကို ဖိနမ်းလိုက် ပေါင်လုံးလေးတွေကို နှုတ်ခမ်းနဲ့ ဖိကိုက်လိုက် လုပ်နေတာကြောင့် မတားလို့ မဖြစ်တော့ပါ ။

" Chan....အချိန်အကြာကြီး သိပ်လိုက်ရတာ မဟုတ်ဘူးလား , နိုးလာရင် Chan နားရတော့မှာ မဟုတ်ဘူးနော် "

လေသံတိုးတိုးနဲ့ တားမြစ်လိုက်တော့မှ ကျွန်တော့်ကို ခပ်ပြုံးပြုံးနဲ့ ပြန်ကြည့်လာ၏။ ထို့နောက် ခေါင်းထောင်လာကာ လက်ကို ခေါင်းအောက်သို့ ခုခံထားရင်း....

" ကိုယ့်အတွက်တော့ hyun ရယ် သားသားလေးနှစ်ယောက်ရယ်နဲ့ အတူရှိနေရချိန်ဟာ အနားယူချိန်ပါပဲ.... ကိုယ် မပင်ပန်းပါဘူး "

မပင်ပန်းဘူးတဲ့လား။
မနက် ၉ နာရီလောက်ဆိုရင် ရုံးသွားတယ်, ၃ နာရီလောက်ဆို ပုံမှန်ပြန်လာပြီး ကလေးတွေနဲ့ ကျွန်တော့်ကို အချိန်ပေးတယ်၊ ညဘက် သားသားတို့ အိပ်ပျော်သွားမှသာ သူ လုပ်စရာရှိတာ ဆက်လုပ်တာ။ ဒါကိုပဲ မပင်ပန်းဘူး ပြောနိုင်သေးတဲ့ သဲသဲလှုပ်ဒယ်ဒီ

LØVE YØUWhere stories live. Discover now