LØVE YØU (Part-17)

9.5K 1.2K 58
                                    

LØVE YØU

Part-17

" သမက် Park လို့ပဲ ခေါ်ပါ.... သူဌေးလို့ မခေါ်လည်း ရပါတယ် "

Chan ရဲ့ အပြောကြောင့် အမေနဲ့ အဖေသည် မယုံနိုင်တဲ့ မျက်ဝန်းတို့ဖြင့် ကျွန်တော့်ကို လှမ်းကြည့်၏။ ကျွန်တော် ခေါင်းညိမ့်ပြလိုက်သည်။

" ဟုတ်... ဟုတ်ကဲ့ပါ သမက် Park "

" ကဲ... Chanyeol , လာ... ထိုင်တော့ "

အဘွားက ထိုင်ခိုင်းတာကြောင့် သူ ကျွန်တော့်ဘေးတွင် ဝင်ထိုင်သည်​။
Chan ဟာ ကျွန်တော်နဲ့ ကွာရှင်းရမှာ မလိုလားလို့ အခုလို ပြုမူပေးတာလား ။ ကျွန်တော့်ကြောင့်နဲ့ ပြောင်းလဲပေးတယ်လို့ သတ်မှတ်လို့ ရမလား။

ဒါဆိုရင်တော့ ကျွန်တော် ခင်ဗျားဆီမှာ ဒီ့ထက် ဒီ့ထက် ကျရှုံးရလည်း ဖြစ်သည်။ ဒါဟာ ခင်ဗျား မတောင်းဆိုတဲ့ ကျွန်တော့်ရဲ့ ပေးဆပ်မှု.... 

ထမင်းစားပြီးတဲ့အခါ အချိုတည်းဖို့ အသီးစုံ ပန်းကန် တစ်ပန်းကန်စီ ချပေးပြီး အစာကြေစေတဲ့ လက်ဖက်ရည်လည်း ချပေးလာသည်။ အဘွားနဲ့ ကျွန်တော့်မိဘတွေသာ စကားပြောနေကြပြီး Chan နဲ့ ကျွန်တော်က ဘာမှ ဝင်မပြောဖြစ်ပါ။

ထိုအချိန် အဘွားသည် စာအိတ်လေးတစ်အိတ်ကို စားပွဲပေါ်တင်ကာ ကျွန်တော့်မိဘတွေ ရှိရာဆီ တွန်းပေးသည်။

" ခမည်းခမက်တို့ရဲ့ အဖိုးတန်သားလေးကို ယုံယုံကြည်ကြည် ပေးအပ်ခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့ သဘောပါ... ဘယ်လောက်မှ မရှိတာမို့ လက်ခံပေးပါနော် "

ကျွန်တော် ထိုင်နေရာက ခါးမတ်သွား၏။ ကျွန်တော့်မိဘတွေကလည်း ခြေခါခါ လက်ခါခါ ငြင်းဆန်လာသည်။ အဘွားကိုယ်တိုင် ပေးလာတာဆိုရင် အခု ကျွန်တော့် card ထဲက ငွေထက် ဘယ်နှဆတောင် များနေလိမ့်မည်နည်း။

" မ..မယူပါရစေရှင် , ကျွန်မတို့ မလိုပါဘူး... အကြွေးတွေ ကူဆပ်ပေးတဲ့အပြင် ဆိုင်ခန်းလေး ချဲ့ပေးထားတာနဲ့တင် လုံလောက်ပါတယ် "

" ယူပါ....ဒါ အလဲအလှယ် လုပ်တဲ့ သဘောလည်း မဟုတ်ပါဘူး , Chanyeol ... ဝင်ပြောလေကွယ် "

ကျွန်တော့်ဘေးက Chan ကိုပါ အဖော်စပ်လာသည်မို့ ကျွန်တော် Chan ကို လှည့်ကြည့်လိုက်သည်။

LØVE YØUWhere stories live. Discover now