LØVE YØU (Part-3)

11.3K 1.3K 125
                                    

LØVE YØU

Part-3

ညစာစားပြီးတဲ့အခါ ကျွန်တော် လုပ်စရာရှိတာလေး ရှိသည်မို့ အခန်းထဲ အောင်းမိသည်။ နှစ်ပတ်နေရင် တတိယနှစ် နောက်ဆုံးစာမေးပွဲ ဖြေရတော့မည့်အတွက် စာလေ့လာနေရ၏။ အခုထိ အခန်းထဲ ဝင်မလာသည့်သူ ... ဘာလုပ်နေလဲ ကျွန်တော်မသိပါ။

၈ နာရီခွဲလောက်မှာ တံခါးဖွင့်သံကြားတာကြောင့် လှည့်ကြည့်လိုက်တော့ အခန်းထဲ ဝင်လာသည့်သူ။ လက်ထဲမှာလည်း နွားနို့တစ်ခွက်....

တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး ကျွန်တော် အရှေ့ပြန်လှည့်ထိုင်ကာ စာပြန်ဖတ်နေလိုက်သည်။ ထိုအခါ မျက်စိထောင့်နားလေးကနေ မြင်ရတဲ့ အရိပ် ... စားပွဲပေါ် လာချပေးတဲ့ နွားနို့ ။ နွားနို့ကို ကြည့်နေရာက သူ့ကို မော့ကြည့်မိတဲ့အခါ ...

" နို့လေးသောက်ပြီးမှ ထပ်လုပ် ... "

ကိုယ်တိုင်ကျိုပေးလာတဲ့ အကြောင်းကိုတော့ မလိုအပ်ဘူးလို့ သတ်မှတ်ကာ Chanyeol မပြောပြဖြစ်ပေ။

" မနက် အလုပ်သွားမှာဆိုတော့ Chan စောစော အနားယူမှာမလားဟင် ? ကျွန်တော် အပြင်ထွက်ပြီး ကျက်ပေးမယ်လေ "

" hyun ကရော ... ဘယ်အချိန်ထိ စာလုပ်မလို့လဲ ? "

စိုးရိမ်သလို မေးလာတာကြောင့် လက်ထဲမှာ ကိုင်ထားတဲ့ မှတ်လက်စ စာအုပ်ကို နောက် သုံးရွက်ထိ လှန်ပြလိုက်သည်။ ကိုယ် ဒီည ဒီအပုဒ်ထိ ရဖို့ ရည်ရွယ်ထားသည်ကြောင့် !

" လုပ်လေ ... ကိုယ် စောင့်နေပေးမယ် "

မရယ်မပြုံးနဲ့ ကိုယ် စောင့်နေပေးမယ်လို့ ပြောသွားတဲ့ စကားသည် ကျွန်တော့်အား အနေခက်စေသည်။  ခေါင်းကို နှစ်ချက် ဆင့်ပြီး ပုတ်သွားတဲ့ လက်နွေးနွေးကြောင့်လည်း တစ်မျိုးနွေးထွေးရပြန်သည်။

ခင်ဗျားက ကျွန်တော့်အတွက်တော့ ကော်ဖီတစ်ခွက် ။

သူ့အကြောင်း လိုက်မတွေးတော့ပဲ ကိုယ် လုပ်စရာရှိတဲ့ စာသာ အမြန် အာရုံစိုက်ပြီး လုပ်တော့သည်။
၁၀ ခွဲလောက်မှာတော့ ကျွန်တော်မှန်းထားတဲ့ အပုဒ်လေးအထိ ရသွားခဲ့ပြီ။ ဒီတော့မှ သူရှိရာကို ဝေ့ပြီး ရှာကြည့်မိတဲ့အခါ ပိုးသားညအိပ်ဝမ်းဆက်နဲ့ ကုတင်ခေါင်းရင်းကို မှီကာ စာဖတ်နေသူ ။

LØVE YØUWhere stories live. Discover now