LØVE YØU
Part-2
မိဘအိမ်က ပြန်လာတဲ့ လမ်းပေါ်တွင် ဖြစ်သည်။
တစ်ကားလုံး အမည်းရောင်လွှမ်းခြုံထားတဲ့ ကားအတွင်းပိုင်းသည် လိုတာထက် ပိုအေးစက်သည်။ ခင်ဗျားနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးလိုမျိုး !လက်တစ်ဖက်တည်းနဲ့ ကားကို ကျွမ်းကျင်စွာ မောင်းနေတဲ့ သူသည် ဘေးမှာ သက်မဲ့တစ်ခုလို ငြိမ်သက်စွာ ထိုင်နေတဲ့ ကျွန်တော့်ကို ရှိသည်ဟုရော သတ်မှတ်ပါသလား ?
ရပ်ကွက်ထဲကနေ လမ်းမထိ ထွက်လာတဲ့ ကားဟာ ကျွန်တော် အချိန်ရတိုင်း ထိုင်ပေးနေကျ ကျွန်တော့်အဖေရဲ့ စာအုပ်ဆိုင်လေးရှေ့ကနေ ဖြတ်သွားသည်။ စူးစူးနင့်နင့် ခံစားရမှုနဲ့အတူ မျက်စိတစ်ဆုံး လိုက်ကြည့်မိသည်က သမင်လည်ပြန်။
" ကားရပ်ပေးမယ် ... ၁၀ မိနစ်လောက် ဆင်းသွားလိုက် "
တိတ်ဆိတ်နေတဲ့ အခြေအနေကနေ သူ့အသံ ခပ်သြသြ ကြားလိုက်ရသည်မို့ သမင်လည်ပြန် လိုက်ကြည့်နေရာမှ သတိဝင်မိသည်။ ကားရပ်လိုက်သည်ကအစ လှုပ်ရှားမှုတစိုးတစိမရှိသည့် အကောင်းဆုံး ကားတစ်စီးဖြစ်နေ၏ ။
" ဟုတ် .... "
ခါးပတ်ဖြုတ်ကာ ကားပေါ်က ဆင်းလာခဲ့သည်။ ဆိုင်လေးကို ကျော်သွားပြီမို့ အနောက်သို့လှည့်ကာ အပြေးသွားမိပါ၏ ။
ကားမှန်ထဲကနေ ခပ်သုတ်သုတ်သွားနေသည့် ကောင်ငယ်လေး၏ နောက်ကျောကို ကြည့်ပြီး Chanyeol ခပ်ရေးရေးပြုံးသည်။
ပိုင်ဆိုင်ချင်လွန်းလို့ ဘယ်လောက်ထိ ခက်ခက်ခဲခဲ သူကြိုးစားခဲ့ရသလဲ ?
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
စာအုပ်ဆိုင်လေးနဲ့ ကော်ဖီဆိုင်လေးနဲ့ တွဲဖွင့်ထားတဲ့ ကျွန်တော်တို့ဆိုင်လေးသည် တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းရှိလှသည်။ Photo ရိုက်လို့လည်း အဆင်ပြေတဲ့ ဆိုင်လေးမို့ social media မှာ တစ်စတစ်စ နာမည်ကြီးလာခဲ့သည်။
Chan ဖြည့်ပေးထားတဲ့ ဆိုင်ခန်းတစ်ခြမ်းကြောင့် ပိုပြီး ကျယ်ဝန်းသွားခဲ့သည်။
ကောင်တာမှာ ထိုင်နေတဲ့ အဖေက ကျွန်တော် ဝင်လာတာ မြင်တဲ့အခါ ဝမ်းသာအားရနဲ့ ကျွန်တော်ရှိရာဆီ ထွက်လာခဲ့သည်။ မနေ့က မင်္ဂလာပွဲမှာ တွေ့ရတဲ့ အဖေ့အပြုံးထက် ယခု ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ အဖေ့အပြုံးသည် ပိုအသက်ဝင်နေခဲ့သည်။