LØVE YØU
Part-7
နံနက် ၆ နာရီခွဲတွင် သုံးရက်စာ အဝတ်အစားထည့်ထားတဲ့ luggage အသေးလေးကို ယူကာ အိမ်အပေါက်ဝမှာ သူ့ကို ရပ်စောင့်နေမိသည်။ စုရပ်ဖြစ်သည့် ကျောင်းကို သူ လိုက်ပို့ပေးချင်သည်ဟု ဆိုလာတာကြောင့် ။ သူလည်း လေယာဉ်ကွင်း သွားရမှာမို့ ကျွန်တော့်ကို လိုက်ပို့ပေးပြီးမှ သွားမည်တဲ့လေ !
" သွားမယ်... hyun "
အနောက်နားလေးကနေ အသံကြားလိုက်တာကြောင့် လှည့်ကြည့်မိတော့ အနောက်တိုင်းဝတ်စုံ အမည်းရောင်နှင့် သပ်ရပ်သန့်ပြန်နေသောသူ... ချောမောခံ့ညားလွန်းသည့် သူသည် ဘာလို့များ ကျွန်တော့်လိုလူကို ရွေးရသလဲ စဉ်းစားမိပြန်သည်။
သူ ကားအနားရောက်တာနဲ့ သူ့ driver က ကားအနောက်ခန်း တံခါးကို ဖွင့်ပေးသည်။ ကျွန်တော် အရင် ဆင်းရမှာမို့ သူက အရင် ဝင်ထိုင်ပြီးမှ ကျွန်တော် ဝင်ထိုင်လိုက်သည်။ luggage နှစ်ခုလုံးကို driver ကပဲ ကားနောက်ဖုံးဖွင့်ကာ ထည့်ပေး၏။
ကားပေါ်ရောက်သွားတော့လည်း ဘာစကားမှ မဆိုဖြစ်ကြပေ။ သူလည်း သူ့ဘက်က မှန်တံခါးကနေ အပြင်ကို ငေးနေသလို ကျွန်တော်သည်လည်း ထိုနည်းလည်းကောင်းပင်။ တစ်ပတ်လောက် ခွဲနေရမှာခြင်း အတူတူ သာမန်အိမ်ထောင်သည်တွေဆိုရင်ရော... အခုလို တိတ်ဆိတ်နေတတ်တာပဲလား ?
ကျောင်းဝင်း အဝမှာတင် express car တစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရပြီး ကျောင်းသားတွေလည်း ဟိုတစ်စု ဒီတစ်စု တွေ့နေရသည်။ တခြား သူငယ်ချင်းတွေနဲ့ အတူ စကားပြောနေတဲ့ Sehun ကိုလည်း တွေ့လိုက်ရသည်။
ကျွန်တော်တို့ ကား အနားကပ်လာသည်ကို တွေ့တာနဲ့ အကုန်လုံး၏ အကြည့်သည် ကျွန်တော်တို့ ဆီမှာသာ... တွေးကြည့်လို့တောင် မရနိုင်သည့် ပမာဏရှိသည်မို့ မြင်သူတိုင်း ငေးမောရသည့် ကား တစ်စီးဖြစ်သည်။ ကားပိုင်ရှင်ကို မြင်လျှင် ပိုလို့ပင် ငေးကြမည် ထင်၏။
သူတို့နားမရောက်ခင် ကားရပ်ကာ driver က ကားပေါ်က ဆင်းပြီး luggage ချပေးနေသည်။ ကျွန်တော်လည်း ပေါင်ပေါ်က လွယ်အိတ်လေးကို လက်က ကိုင်လိုက်ကာ ကားပေါ်က ဆင်းမည်လုပ်တော့ လက်မောင်းကို လှမ်းကိုင်လိုက်တဲ့ သူ.... လှည်ကြည့်မိတော့