စတင်ခြင်း

3.3K 182 8
                                    

အမှောင်ကမ္ဘာက...သူ...

Zawgyi

ခရစ်နှစ်-2017

များစွာ​သော ​ထောင်​သား​တွေပါလာတဲ့ ​ထောင်​​ပြောင်း
ကား​ပေါ်ကဆင်းလာတဲ့ သူ...

သူ ဆိုသည်​မှာ...

အသက်​နှစ်​ဆယ့်​​လေးနှစ်​အရွယ်​...​ခြောက်​​ပေ​ကျော်
ကျော်​အရပ်​အ​မောင်းနှင့်​ ​တောင့်​တင်းတဲ့ခန္ဓာကိုယ်​ကို
ပိုင်​ဆိုင်​ထားတဲ့ သူက လူ​သုံးယောက်​ကို သက်​ခဲ့
ဖူးတဲ့ တစ်​သက်​တစ်​ကျွန်း​ထောင်​သား။

သူ....

သူဟာ လူသတ်​သမားတစ်​​ယောက်​။

.
.

ကွင်းကျယ်​ကြီးထဲမှာ နား​နေကြတဲ့ဟိုတစ်​စဒီတစ်​စ
ထောင်​သား​တွေကြား။

ထိုကွင်းပြင်​ကျယ်​ကြီးကိုကာထားတဲ့ သံစကာကို
ကျောမှီရင်း ​မြေပြင်​​ပေါ်ကိုထိုင်​ချကာ ခတ်​ကားကား​ထောင်​ထားတဲ့ ဒူးနှစ်​ဖက်​​ပေါ်ကို လက်​တင်​ကာထိုင်​​နေတဲ့ သူ...

ခေါင်းကိုငိုက်​စိုက်​ချထားတဲ့ သူ့ကို ​ထောင်​သား​တွေကတကြည့်​ကြည့်​။
ထို​ထောင်​ထဲကို​ရွှေ့လာထဲက ဘယ်​သူနဲ့စကားမ​ပြော၊ဘယ်​သူ့ကိုမှ အဖက်​မလုပ်​၊​မေးလည်းမ​ဖြေတတ်​တာ
မို့ ​ထောင်​သား​တွေနဲ့တင်​မက ​ထောင်​မှူး​တွေနဲ့ပါမတည့်​တဲ့သူက အချိန်​ပြည့်​ အပြစ်​​ပေးခန်းထဲ​ရောက်​​နေတတ်​သည့်
သူ။

သူဟာ​ခြေ​ထောက်​နားသို့ လွင့်​ကျလာတဲ့ ​ရေသန့်​​ဗူးကို ဂရုမစိုက်​သလို၊ အ​ကြောင်းမဲ့လက်​ကိုစိုက်​ကြည့်​​နေသည်။

"​ဟျောင့်​...တစ်​သက်​တစ်​ကျွန်း​ကောင်​...​ရေ​ဗူး​ကောက်​​ပေးစမ်းပါ..."

လူမိုက်​တို့စု​ဝေးရာ ထို​နေရာမှာ ဘယ်​သူ့ကိုမှဆရာမ​ခေါ်ချင်​ကြတဲ့ ​လူရမ်းကား​တွေက တဆိတ်​ရှိရင်​ ပြဿနာချည်းလှိမ့်​ရှာ​နေကြတာမျိုး။

ထိုလူရဲ့ စကားအဆုံး စူးခနဲ​ရောက်​လာတဲ့ သူ့ရဲ့အကြည့်​။
နဖူး​ပေါ်သို့ဝဲကျ​နေတဲ့ ခတ်​အုတ်​အုတ်​ဆံပင်​​တွေ​ကြားက ထောင့်​ကပ်​​အောင်​ကြည့်​​နေတဲ့မျက်​ဝန်း​တွေက မီးထွက်​​တော့မတတ်​။

အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...Where stories live. Discover now