အမှောင်ကမ္ဘာက...သူ...
"စားလိုက်ပါ မိန်းမရယ်...ဆေးသောက်ရဦးမယ်လေ"
ဆန်ပြုတ်ကိုကော်ကာ ချော့မော့ကျွေးနေရတဲ့ အိုဂင်မင်
ကိုဇနီးဖြစ်သူက ခေါင်းအသာယမ်းပြရင်း..."ကိုကြီး သားလေးသတင်းဘာမှမရဘူးလားဟင်"
ညှိုးနွမ်းနွမ်းမျက်နှာလေးနဲ့ မေးလာတဲ့ သူမကြောင့် အိုဂင်မင် စိတ်မကောင်းလို့ သေတော့မလို။
ရဲတွေရောလိုက်စုံစမ်းနေပေမဲ့ ဘာသတင်းမှမကြားရ
သလို သူကိုယ်တိုင်စုံစမ်းနေသောငြား ထူးမခြားနား။
ဇနီးဖြစ်သူက နေ့နဲ့ည ငိုယိုကာ ဆယ်ဟွန်း ကို
တမ်းတနေတာမို့ သူဘာလုပ်ပေးရမှန်းပင်မသိတော့။
သူလည်း ကျန်းမာရေးမကောင်းတဲ့ သားလေးကိုစိတ်ပူတာအမှန်။သူမအမေးကို ခေါင်းအသာရမ်းပြပြီး..
"ဘာသတင်းမှတော့မကြားရသေဘူး...ဒါမဲ့ ကိုကြီးသေချာစုံစမ်းနေပါတယ်...လူပျောက်လည်းတိုင်ထားတယ်"
"သားလေး ဘာများဖြစ်နေလဲမသိဘူး...အဆင်မှပြေပါ့မလား...အဟင့်"
ပြောရင်း စီးကျလာတဲ့မျက်ရည်တစ်စက်နဲ့အတူ တိမ်ဝင်သွားတဲ့ သူမအသံ။
အိုဂင်မင် လည်းသားအတွက်ရော ဇနီးအတွက်ပါပူပန်သောကတွေများစွာ။.
.
တစ်နေကုန် ခွေအိပ်နေတဲ့ကောင်လေးကို ကြည့်ကာစိတ်တော့မကောင်း။
ဒါမဲ့ဘယ်နည်းနဲ့မှလွတ်မြောက်ခွင့်မပေးနိုင်တာအမှန်။ထောင်ကပြေးလာပြီး လေးလလောက်အကြာထည်းက ပစ္စည်းပို့သည့်အလုပ်ကိုလုပ်တာ။
နေ့စဉ်ဖြတ်သန်းနေရသည့်ဘဝက သာမာန်လူ
တစ်ယောက်လိုသာ။
မနက်မိုးလင်းတာနဲ့ အလုပ်သွားတယ်။
နေ့လည်စာကိုကြုံသလိုစားပြီး အလုပ်ဆက်လုပ်တယ်။
ညနေဆိုအိမ်ပြန်လာတယ်။
မိသားစုမရှိ။သူငယ်ချင်းမရှိ။
ခြောက်ခမ်းနေတဲ့ ဘဝကြီးထဲကို လူသားတစ်ယောက်ထပ်ရောက်လာပြန်သည်။
ပြန်ထွက်မသွားဖို့တော့ အရေးကြီးသည်။
ŞİMDİ OKUDUĞUN
အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...
Hayran Kurguအချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာတွေနဲ့ထင်ပါရဲ့ ... ******* အချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာ...