အမှောင်ကမ္ဘာက...သူ...
"ယောလ်..."
"အွန်း"
ပုံမှန်အတိုင်းလှည့်ကြည့်ကာ မေးငေါ့တဲ့ယောလ်က
ဘာကြောင့်ဒီလောက်ခံ့ညားနေသည်လဲ...?မဟုတ်မှ ကျနော်မူးများနေပြီလား...?
ဟင့်အင်း တစ်ငုံထဲဝင်သေးတဲ့ဘီယာရဲ့အစွမ်းပမာဏ
ကအဲ့လောက်ကြီးပါ့မလား..?ခေါင်းကိုခတ်သွက်သွက်ရမ်းကာ ဗီယာတစ်ငုံကိုထပ်
သောက်လိုက်သည်။
ပြင်းရှရှ အီလည်လည်အရသာက လည်ချောင်းထဲ
ဆင်းသွားသည့်တိုင်အနေရခတ်နေပြန်၏။
လျှာကိုအပြင်ထိထုတ်လိုက်ကာ ထိုခတ်ပြင်းပြင်းအရ
သာကိုသက်သာစေရန်ပြုမိသည်။"ကြယ်တွေကသိပ်လှတယ်...."
ကျနော်တစ်ယောက်ဘီယာဗူးနဲ့အလုပ်ရှုပ်နေတုန်းမှာ
သူ့စကားအေးအေးကိုကြားရသည်။"သိပ်လှတဲ့သူတို့တွေကိုငါတစ်ခါမှငေးမကြည့်ခဲ့ဖူးဘူး"
"လူတွေက သေသွားရင် ကြယ်တွေဖြစ်သွားကြတယ်ဆို"
ခတ်ကြောင်ကြောင် ကျနော့်စကားကိုအထူးတဆန်း
လှည့်ကြည့်လာတဲ့သူက ..."တကယ်ကြီး...?"
"မသိဘူးပဲ...ပုံပြင်ထဲမှာကြားဖူးတာ"
ထိုစကားကိုပြောလိုက်ချိန်ကျနော့်မျက်နှာမချိုမချဉ်ဖြစ်
နေမှာအသေအချာပင်။"တကယ်ဆိုရင်ကောင်းမှာပဲ......အဲ့လိုဆို ငါ့အနား
မှာမရှိတော့တဲ့သူတွေကိုညတိုင်းတွေ့ခွင့်ရမှာ"သူ့အသံက အေးစက်စက်နိုင်ပေမဲ့ အဆုံးမှာတိမ်ဝင်သွားသယောင်။
လက်ကျန်ဘီယာကိုတစ်ကျိုက်ထဲမော့သောက်ပြီး
ဘီယာဗူးခွံကိုဖိညစ်လိုက်သည်မို့ သူ့လက်ကြီးကြီး
ကြားမှထိုဗူးခွံခမျာ တွန့်လိမ်သွားရသည်။
ထို့နောက် ရှေ့ခတ်လှမ်းလှမ်းသို့ထိုဗူးခွံကိုပစ်လိုက်
ပြန်သည်။
KAMU SEDANG MEMBACA
အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...
Fiksi Penggemarအချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာတွေနဲ့ထင်ပါရဲ့ ... ******* အချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာ...