လှပခြင်း

809 95 8
                                    

အမှောင်ကမ္ဘာက...သူ...

Zawgyi

လေးပင်​ပင်​ပွင့်​ဟလာ​သော မျက်​လုံးတစ်​စုံက စူးနစ်​နစ်​အလင်း​ရောင်​ကိုခံစားလိုက်​ရသည်​မို့ မိုးစင်​စင်​လင်း​နေမှန်း
သိလိုက်​ပြီ။
ခါးထက်​ကတင်းကြပ်​နေ​သောလက်​တစ်​စုံကိုအာရုံ​ရောက်​မိ​တော့ အလဟတ်​သက်​ပြုံးမိသား။

ချစ်​ရသူ၏ရင်​ခွင်​ထဲ၌ တစ်​ညတာကုန်​ဆုံးသည့်​တိုင်​အိပ်​စက်​ခွင့်​ရခြင်း။

မျက်​လုံးတစ်​စုံပွင့်​သည်​နှင့်​ ချစ်​ရသူ၏ပြည့်​စုံလွန်း
သောမျက်​နှာကိုမြင်​ခွင့်​ရခြင်း။

ပြည့်​စုံပါသည်​။
မနက်​တိုင်းဤကဲ့သို့နိုးထခွင့်​ရလျှင်​ ဘဝကြီးကတ
ကယ်​ကိုပြီးပြည့်​စုံ​နေခဲ့ပြီ။
ပင့်​သက်​မှန်​မှန်​ရှူရှိုက်​ရင်း အိပ်​​မောကျ​နေတုန်းဖြစ်​​သောချစ်​ရသူကို​မော့ကြည့်​​တော့ အလိုအ​လျောက်​ပြုံးလိုက်​မိ​အောင်​ကိုစွမ်း​ဆောင်​နိုင်​တဲ့သူရဲ့ရုပ်​ရည်​။
စည်းချက်​မှန်​မှန်​ခုံလှုပ်​​နေသည့်​ ရင်​အုံတစ်​​နေရာကိုမထိန်း
ချုပ်​နိုင်​စွာ အနမ်းတစ်​ပွင့်​​ခြွေမိတာ သူ​လေးသိပါ​စေသား။

ချစ်​တယ်​ ​ယောလ်​...

ငါမင်းအ​ပေါ်ထားတဲ့ခံစားချက်​က ချစ်​တာထက်​ပို
တယ်​....

ပြည့်​စုံတာထက်​ပို​သော မျက်​နှာအစိတ်​အပိုင်းတို့ကို
မြတ်​နိုးစွာအသာထိ​တွေ့​​ပေမဲ့ သူ​လေးအိပ်​​ရေးပျက်​သွားမှာစိုးသား။
ပွ​ယောင်း​ယောင်းအနက်​​ရောင်​ဆံပင်​​တွေက သူနဲ့
သိပ်​ကိုလိုက်​ဖက်​လွန်း​လေတာ သူသိပါ့မလား။
နက်​​မှောင်​​မှောင်​မျက်​ခုံးတန်းတစ်​စုံက အမြဲလိုလိုတွန့်​ချိုးထားတတ်​​ပေမဲ့ က​လေးစိတ်​မ​ပျောက်​​သေးတဲ့ သူ​ပါ​လေ။
နှာတံတစ်​​လျှောက်​ထိ​တွေ့ပွတ်​ရင်း ဖူးပြည့်​ပြည့်​နှုတ်​ခမ်း
ရဲဆီအကြည့်​​ရောက်​​တော့
အရှက်​မရှိသည့်​ ရင်​ဘက်​ထဲကအ​ကောင်​က
အိ​နြေ္ဒမဲ့စွာခုန်​၏။
ဖောင်းအိအိပါးမို့မို့နဲ့ သာမာန်​ထက်​ပိုပြီးကား​နေတဲ့နားရွက်​​လေး​တွေဟာ ရှက်​သွားတိုင်းနီရဲလာတတ်​သည်​က သိပ်​ချစ်​ဖို့​ကောင်းလွန်းတာ။

အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...Où les histoires vivent. Découvrez maintenant