Zawgyi
အမှောင်ကမ္ဘာက...သူ...
*နှစ်ရက်မြောက်တဲ့နေ့...*
တိတိကျကျဆိုရရင် ဆယ်ဟွန်းသတိမေ့နေသည်မှာ
နှစ်ရက်နဲ့သုံးနာရီတိတိရှိခဲ့ပြီ။
အနားမှာဝိုင်းအုံနေတဲ့ လူတစ်စုကလည်း စိတ်မ
ကောင်းခြင်းများစွာနှင့်။
ဆေးပိုက်တွေများစွာတပ်ဆင်ထားရတဲ့ လက်သွယ်
သွယ်တွေဟာအပ်ရာတွေပရပွနဲ့ တချို့နေရာတွေမှာ
ဆိုသွေးကြောပေါက်ကုန်တာကြောင့်အညိုကွက်
တွေထင်နေလေပြီ။"Parkinson ဖြစ်နေတာဘယ်လောက်တောင်
ကြာပြီလဲ....?"(Parkinson's disease=ခြေလက်ထုံကျဉ်
ကာ၊အားအင်ချိနဲ့စေတဲ့ အာရုံကြောရောဂါတစ်မျိုး)ဆရာဝန်က နှလုံးခုံနှုန်းနဲ့သွေးလည်ပတ်မှုတို့ကိုစစ်
ပြီးသည်နှင့် ဆေးစစ်ထားတဲ့အဖြေစာရွက်ကိုကြည့်
ရင်းမေး၏။"ရှစ်နှစ်လောက်ထဲကပါဒေါက်တာ..."
"အာ...မွေးရာပါနီးပါးပဲပေါ့...."
ဒေါက်တာကခတ်တိုးတိုးဆိုပြန်သည်။
"သွေးထဲမှာအချိုဓာတ်က ပုံမှန်ထက်ပိုနေတယ်..stressလည်းအရမ်းများနေလို့အခုလောက်အထိဖြစ်
သွားတာ....အိပ်ရေးဝဝအိပ်ဖို့လည်းလိုတယ်...လူ
နာကအရမ်းပင်ပန်းနေပြီ...ဆွဲသောက်နေတဲ့ဆေး
ဒါမှ မဟုတ်ရင် ဆရာဝန်ညွှန်ထားတဲ့ဆေးမျိုးရှိမှာပေါ့
နော်""ဟုတ်...ရှိပါတယ် ဒေါက်တာ..."
"ဟုတ်ပြီ...ဒါဆိုသတိရလာရင်အဲ့ဆေးကို
တော့ပုံမှန်ပြန်တိုက်ပေး...အစားအသောက်ကိုလည်း
ဝင်အောင်ကျွေးပါ...မတည့်တဲ့အစားအသောက်တွေ
လုံးဝမစားပါစေနဲ့နော်...""ဟုတ်ကဲ့ပါ ဒေါက်တာ"
"နောက်နှစ်နာရီနေရင် တစ်ခါroundပြန်လာလှည့်မှာပါ... အရမ်းကြီးမစိုးရိမ်ပါနဲ့"
ဒေါက်တာကအားပေးစကားတချို့ဆိုရင်း နောက်လိုက်
ဆရာဝန်တချို့နဲ့အတူထွက်သွားသည်။
ဒေါက်တာထွက်သွားပြီးသိပ်မကြာမှီမှာပဲ လူနာကု
တင်ပေါ်က ဆယ်ဟွန်းဟာလှုပ်ရှားလာသည်။
YOU ARE READING
အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...
Fanfictionအချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာတွေနဲ့ထင်ပါရဲ့ ... ******* အချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာ...