ဝန်ခံခြင်း

903 101 9
                                    

ကမ္ဘာတစ်​ခြမ်းက...သူ...

ထိုစကားခုနှစ်​လုံးက နှလုံးသားဆီသို့တိုက်​ရိုက်​ထိမယ်
မှန်းမသိခဲ့ရိုးအမှန်​ပါ....

ဘာတဲ့......?ချစ်​မိ​နေပြီတဲ့....

အိမ်​မက်​ဆိုရင်​​တောင်​ မနိုးထချင်​​တော့တာမို့ ဆက်​လက်​မက်​ခွင့်​ပြုပါ။
အကြိမ်​ကြိမ်​ခိုးကြည့်​ဖူးတဲ့ နှုတ်​ခမ်းပါးထံက ထိုစကားကြားခွင့်​ရဖို့ စိတ်​ကူးထဲ​တောင်​ထည့်​မယဉ်​ခဲ့ဖူး​ပေမဲ့
လို့ သူ​ပြောလာခဲ့တယ်​။

ကျ​နော်​ပြန်​မလာ​သေးလို့ ဒီ​နေရာ​လေးမှာ တစ်​မနက်​လုံး။
မဟုတ်​ဘူး...မ​နေ့ညတစ်​ညလုံးနဲ့
ဒီ​နေ့တစ်​မနက်​လုံး သူထိုင်​​စောင့်​​နေသည်​လား။
ပြီး​တော့ ကျ​နော့်​လိုလူတစ်​​ယောက်​အတွက်​နဲ့ငို​နေ
သေးသည်​လား...?
မှေးကျဉ်းကျဉ်းမျက်​ဝန်းလှလှ​လေး​​တွေနီ​နေသည်​အထိသူငို​နေခဲ့သည်။
ကျ​နော်​နားကြားမမှားဘူးဆိုရင်​ အချိန်​မဆိုင်းခင်​မှာပဲ အ​ဖြေပြန်​​ပေးပါရ​စေ။

"​ယောလ်​..."

တွယ်​ငြိမိရာ နှုတ်​ခမ်းပါးငယ်​က ခတ်​ဟဟပွင့်​ကာ
တိုးညင်းစွာ​ခေါ်​လေတဲ့ ကျ​နော့်​နာမည်​။
ရင်​ခုန်​ခြင်းတို့အဆုံးထိမြင့်​​နေပြီမို့ အသက်​ရှူဖို့​တောင်​မလွယ်​ကူ​တော့။
မျက်​လုံး​ရှေ့က အ​ကောင်​ငယ်​​လေးကိုသာမမှတ်​မသုန်
ငေးကြည့်​​နေမိတာ ဘာဆိုဘာမှဆက်​လုပ်​ဖို့အသိမရှိ​တော့
တာမို့။
ကျ​နော့်​ကမ္ဘာပတ်​ဝန်းကျင်​တစ်​​လျှောက်​ တကယ်​ပဲရပ်​ဆိုင်းသွားခဲ့ပြီလား....?

ဤ​မေးခွန်းကို​ဖြေလိုက်​သူက အခြားမဟုတ်​။
ကျ​နော့်​ရင်​ကိုအဆမတန်​ခုန်​​စေ​ခဲ့သော အိုဆယ်ဟွန်း ဆို​သောလူသား​လေးပင်​။

နဂိုထက်​အနည်းငယ်​ပို​မြှောက်​လိုက်​​သောသူ့​ခြေ
ဖျားနုနု​တွေ​။
ကျ​နော်​ဝတ်​ထား​သော ​ဟော်​ဒီအနက်​​ရောင်လည်​ပင်း
သားကိုဆွဲကိုင်​လာ​သောသူ့လက်​သွယ်​သွယ်​​တွေက ​အောက်​သို့ငုံ့ကျ​စေရန်​ဆွဲယူ​လာသည်​။
နီးကပ်​လာ​သော မျက်​နှာ​ချွန်ချွန်နှင့်​အတူ ကျ​နော့်​နှုတ်​ခမ်း
တစ်​စုံဟာ​နွေး​ထွေးသွားခဲ့သည်​။

အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...Opowieści tętniące życiem. Odkryj je teraz