ပျော်မွေ့ခြင်း

662 83 11
                                    

Zawgyi

အမှောင်ကမ္ဘာက...သူ...

"လူ​ပျောက်​တိုင်​ထားတာ..."

"ဟုတ်​ကဲ့...အသက်​၂၄နှစ်​အရွယ်​ ​အိုဆယ်ဟွန်းဆိုတဲ့လူကို​တွေ့လို့ပါ"

"​အိုဆယ်ဟွန်း...."

စဉ်းစားသလို ရည်​ရွတ်​လိုက်​ပြီး​နောက်​ အ​ဖြေရသွား
သလိုပုံစံမျိုးဖြစ်​သွားတဲ့သူက ​သေချာ​အောင်​​မေး
ကာဖုန်းကိုအ​ရေးကြီးသုတ်​ပြာချလိုက်​သည်​။
ထသွားမည်​ပြုတဲ့ သူ့​ခြေလှမ်း​တွေကိုရပ်​တန့်​လိုက်​​စေ
သူက ယွန်​ဆယ်​အာ။

"​အော်​...သူ...."

စားပွဲ​ပေါ်မှာပြန့်​ကျဲ​နေတဲ့ အမှုဖိုင်​​တွေကို ဂျုံအင်​ဖုန်း
ပြော​နေကတည်းကသူမစူးစမ်းနေသည်​။
တစ်​ခု​သောဖိုင်​တွဲကိုဆွဲယူလိုက်​ရင်းက သူမဆို
လိုက်​ခြင်းဖြစ်​သည်​။

"ဘာလဲ....ဘာဖြစ်​တာလဲ..?"

သူ့အနားက​နေပြန်​ဖို့မစဉ်းစားတဲ့ သူမကိုဂျုံအင်​ခတ်
ငေါ့​ငေါ့​မေးလိုက်​​တော့ သူမကဖိုင်​တွဲ​ရှေ့ဆုံးစာရွက်
ရဲ့ ညာဘက်​အ​ပေါ်​ထောင့်​မှာကပ်​ထားတဲ့ဓာတ်​ပုံ
ကိုလက်​ညှိုးထိုးပြရင်း.....။

"သူ​လေ....ဟိုတစ်​ခါ စီနီယာရှင်း ခိုင်းလို့
လူ​သေမှုဖြစ်​ထားအိမ်​အ​ကြောင်းသွားစုံစမ်းတုန်းကအဲ့အိမ်​မှာ သူ့ကို​တွေ့ခဲ့တယ်​...."

သူမပြတဲ့ အမှုဖိုင်​ကိုယူကြည့်​လိုက်​​တော့ လူ
ပျောက်​​ကြော်တိုင်​ထားတာတစ်​လ​ကြော်​ပြီဖြစ်​တဲ့
အိုဆယ်ဟွန်း ဆို​သော​ကောင်​လေးပင်​။

"​သေချာလို့လား...?"

"​​သေချာတာ​ပေါ့....ဆယ်​အာ​တောင်​ အဲ့အိမ်​ကြီး
အ​ကြောင်းသူ့ကို​မေးကြည့်​​တော့...​ထွေ​ထွေထူးထူးဘာမှမ​ပြောပြဘူး...."

"ဒါဆိုမင်းအဲ့အိမ်​ကို မှတ်​မိလား...?"

"ဟုတ်​....မှတ်​မိတယ်​ "

"ငါနဲ့လိုက်​ခဲ့..."

ထိုသို့​ပြောကာ ​ဖုန်းနဲ့အ​ပေါ်ကုတ်​ကိုဆွဲယူရင်း​​ရှေ့က
ထွက်​သွားတဲ့ဂျုံအင်​ကို​ငေးရင်း ပါးစပ်​နားရွက်​တက်
ချိတ်​မတတ်​ပြုံး​နေတဲ့သူမ။

အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...Where stories live. Discover now