မေ့ပျောက်ခြင်း

564 94 24
                                    

Zawgyi

အမှောင်ကမ္ဘာက...သူ...


ခတ်​တိုတိုထိုစကား​လေးတစ်​ခွန်းက ကျ​နော့်​စကား
ပေါင်းများစွာကိုအပြီးမသတ်​ခင်​မှာပဲ ရပ်​တန့်​ပစ်​​စေသည်​။

"ဒီကဘယ်​သူလဲမသိဘူး....ဘယ်​​ရောက်​​နေတာ
လဲ...?"

အနည်းငယ်​ တွန့်​ချိုး​နေတဲ့သူ့မျက်​ခုံးတန်း​တွေနဲ့အတူ
ထုတ်​လိုက်​တဲ့သူ့​မေးခွန်းနဲ့ ပကတိဖြူစင်​​နေတဲ့သူ့
မျက်​ဝန်း​တွေကကျ​နော့်​ကိုကြက်​သီးဖြန်းဖြန်းထ
သည်​အထိ တုန်​လှုပ်​သွား​စေသည်​။

*ဒါဘာစကားလဲ....?*

"​ယောလ်​...ငါ​လေ...ဆယ်ဟွန်း......"

"ဟင့်​အင်း....ငါမသိဘူး..."

.
.
.
.

"ဒါမျိုးကဖြစ်​တတ်​ပါတယ်​...အရမ်းကိုထိပ်​လန့်​သွား
တဲ့အခါမျိုး၊စိတ်​​တွေအရမ်းမွမ်းကြပ်​လာတဲ့အခါမျိုး၊
စိတ်​နာစရာ​တွေများလာတဲ့အခါမျိုးမှာ နာကျင်​စရာ
အတိတ်​တချို့ကို ဒါမှမဟုတ်​ရင်​ ကိုယ့်​ကိုနာကျင်
စေတဲ့အ​ဖြစ်​အပျက်​တချို့ကို​မေ့သွားတတ်​တာပါ....ဖြစ်​​တောင့်​ဖြစ်​ခဲဆို​ပေမဲ့ ဦး​ခေါင်းကိုပြင်းပြင်​ထန်​ထန်
ထိခိုက်​သွားတဲ့အခါမျိုးမှာဒီလိုအတိတ်​​မေ့တာမျိုး၊
တချို့ဆို ကိုယ့်​ကိုယ်​ကို​မေ့သွားတဲ့အ
ထိပါဖြစ်​တတ်​ပါတယ်​..."

အဖြူ​ရောင်​ နံရံချပ်​​တွေနဲ့ အဖြူ​ရောင်​မျက်​နှာကျပ်​​တွေ
ကာရံထားတဲ့ အခန်းကျယ်​တစ်​ခုထဲမှာ ​ဒေါက်​တာရဲ့​ဖြေရှင်းချက်​စကားသံဟာ​ချောက်​ခြားဖွယ်​ပြန့်​လွင့်​​နေ၏။
ဆေးစစ်​ခံ​နေရတဲ့ ​ယောလ်​ကိုမှန်​ပြင်​တစ်​ဖက်​က
နေ​ငေးကြည့်​ရင်း ကျ​နော့်​နှုတ်​ခမ်းကိုခတ်​တင်း
တင်းဖိကိုက်​လိုက်​သည်​။

တကယ်​ပဲ ​မေ့သွားပြီလား..?

ငါ....

ငါ့ရဲ့အချစ်​​တွေ...

ငါတို့ရဲ့အတိတ်​​တွေ....

ငါတို့ရဲ့အနမ်း​တွေ....

ငါတို့ရဲ့ထိ​တွေ့မှု​တွေ...

ငါတို့ရဲ့ပက်​သတ်​မှု​တွေ....

အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...Donde viven las historias. Descúbrelo ahora