ရစ်နှောင်ခြင်း

1K 118 0
                                    

အမှောင်ကမ္ဘာက...သူ..

Zawgyi

အိမ်​တံခါး​သော့ကို အလျင်​အမြန်​ဖွင့်​ရင်း အိမ်​ထဲသို့
ခတ်​သွက်​သွက်​လျှောက်​လှမ်းကာ ​ကောင်​​လေး
ရှိ​နေမယ့်​အခန်းထဲ။
ပွင့်​ဟ​နေတဲ့ ထိုအခန်းတံခါးကို ပိုမိုတွန်းဖွင့်​ကာ အခန်းထဲဝင်​ရန်​ပြု​တော့ သူရှိမ​နေခဲ့။

"ဆယ်ဟွန်းနာ..."

သေချာ​အောင်​ အခန်းထဲ အနှံ့ကြည့်​ရင်း​ခေါ်လိုက်
သော်​ငြား မရှိ။
မီးဖိုခန်းဘက်သို့ အမြန်​လာကာ ရှာ​ဖွေ​တော့လည်းမရှိ။
အ​မှောင်​လွှမ်းစပြုလာ​သော ​ချန်းယောလ်​၏စိတ်​အစုံ။

"ဆယ်ဟွန်းနာ.....မင်းဘယ်​မှာလဲ...."

ခတ်​ကျယ်​ကျယ်​ အိမ်​ကြီးအနှံ့ အမြန်​ရှာ​ဖွေလိုက်​​ပေမဲ့
မ​တွေ့။
ချန်းယောလ်​ အခန်းဆီကိုသတိရမိကာ အိမ်​အ​ပေါ်
ထပ်​သို့အ​ပြေးတက်ခဲ့သည်​။
လက်​ထဲကအထုတ်​​လေးကိုလည်း မချမိ။

"ဆယ်ဟွန်း"

အခန်းတံခါးကို အကြမ်းပတမ်းဆွဲဖွင့်​ရင်း ​အော်​​ခေါ်မိ
တော့ ကုတင်​​ပေါ်ထိုင်​​နေတဲ့ ​အ​ကောင်​ငယ်​က
ပြူးကွက်​ကွက်​လှည့်​ကြည့်​​လာ​လေ၏။

"​အော်​...​ယောလ်​...အလုပ်​..."

အူ​ကြောင်​​ကြောင်​​လေး လှည့်​လာရင်းဆို​နေတဲ့ ဆယ်
ဟွန်းဆီ​ ​ချန်းယောလ်​အ​ပြေးသွားလိုက်​မိ၏။
စကားလုံးတချို့ပြတ်​​တောက်​သွား​သော ဆယ်ဟွန်း
၏လက်​တစ်​ဖက်​ကို ဆွဲယူရင်း ချန်းယောလ်​၏ရင်​ခွင်
ကျယ်​ကြီးထဲသို့ သိမ်းယူလိုက်​သည်​။

"​အာ....​ယောလ်​..."

ဆက်​ရန်​ရှိ​သော စကားလုံးတို့က ထိုမှာတင်​ပြတ်​​တောက်​သွားသလို ဆယ်ဟွန်းမလှုပ်မရှက်​ညိမ်​​နေမိသည်​။
ဆောင့်​တိုးလာ​သော ​သွေးခုန်​နှုန်းများ​ကြောင့်​ ဆယ်
ဟွန်း အသက်​ပင်​မရှူရဲ​တော့။

"မင်း...မင်းထွက်​သွားခဲ့ပြီထင်​​နေတာ...ငါ့ကို...ငါ့ကိုထားခဲ့ပြီထင်​တာ....ငါတစ်​​ယောက်​ထည်းကျန်​ခဲ့ပြီထင်​​လို့..."

အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...Where stories live. Discover now