တွေ့ရှိခြင်း

700 87 32
                                    

အမှောင်ကမ္ဘာက...သူ...

Zawgyi

*လွန်​ခဲ့​သောတစ်​နှစ်​​ကျော်​ခန့်​*

"Wu Kris....Wu Kris....."

❤K.R.I.S❤ ဆို​သော စာလုံး​လေးများ
ရေးစီထားသည့်​ အဖြူ​ရောင်​ ဂတ်​ထူကိုကိုကိုင်​​မြှောက်
ရင်း အားရပါးရ​အော်​ဟစ်​​အား​ပေး​နေသည့်​ ​ကောင်​​လေး။
သူ့နည်းတူ ​ထောင်​​ပေါင်းများစွာ​သောလူများလည်းရှိသည်​။
ကိုးရီးယားတွင်​သာမက ကမ္ဘာတစ်​လွှားမှာပါ ​ကျော်
ုကြား​နေပြီဖြစ်​​သောအနုပညာရှင်။
တစ်​နည်းဆိုလျှင်​အဆို​တော်​ Kris ၏ consert ကိုအကြီးအကျယ်​ကျင်းပ​နေခြင်း။
ညအ​ချိန်​အ​တော်​လင့်​မှ ပြီးဆုံးသွားသည့်​ ထိုပွဲထဲမှလူ​ပေါင်း
များစွာကိုယ်​စီကိုယ်​ငှပြန်​ကြသည်​။
ကားများ၊ဆိုင်​ကယ်​များအသီးသီး ပြန်​ကြသည့်​တိုင်​ တစ်​​လျှောက်​​လျှောက်​နှင့်​ ဆယ်ဟွန်းဟာခရီးမ​ရောက်​။
ရေ​ဗူးကိုလက်​ကဆွဲကာ ​သောက်​ရင်းအ​မော​ဖြေလျက်
အိမ်​ပြန်​လမ်းသို့ဦးတည်​သည်​။
လက်​ရှိ​ရောက်​ရာ​နေရာနှင့်​​နေအိမ်​ဟာ ​ပြောသ
လောက်​ကြီးမ​ဝေး​သော်​လည်း ဆယ်ဟွန်း​အ​တော်​ပင်​ပန်း​နေပြီ။
ကျန်းမား​ရေးမ​ကောင်းတာ​ကြောင့်​လည်းပါမည်​ထင်​။
မွေးထဲက ​ခြေချင်​ဆိုတာ ​တော်​ရုံနဲ့​လျှောက်​ရသည်​မှဟုတ်​ပဲ။
မရမကခွင့်​​တောင်း​ပေမဲ့ အိမ်​ကခွင့်​မပြု​ပေး
တာ​ကြောင့်​ ညကြီးတစ်​​ယောက်​ထဲခိုးထွက်​ကာ
Taxi နဲ့လာခဲ့ခြင်းဖြစ်​သည်​။
အ​တော်​ညဉ့်​နက်​​နေပြီမို့ Taxi လည်းရဖို့မလွယ်​​တော့။လူအလွန်​စည်​သည့်​ မြို့
Main​လမ်းပေါ်​လောက်​သာ ထိုအချိန်​ထိ
Taxiရနိုင်​သည်​။
မတတ်​နိုင်သည့်​အဆုံး ခတ်​​အေး​အေး​လျှောက်​ကာသာအိမ်​ပြန်​ခဲ့​ရသည့်​အဖြစ်​။
တိတ်​ဆိတ်​​နေသည့်​လမ်းတစ်​​လျှောက်​လမ်းမီးတိုင်​​လေးများ​ကြောင့်​ ရှင်းရှင်းလင်းမြင်​ရ​သော်​လည်း
ဆယ်ဟွန်းခန္ဓာကိုယ်​ဟာ မူမမှန်​​တော့။
ခြေ​တွေလက်​​တွေထုံကျင်​လာကာ လဲကျလုဆဲဆဲ
ပင်​ဖြစ်​​နေသည်​။
လက်​ထဲက ​သောက်​မည့်​​ရေ​ဗူး​လေးဟာလည်း
ကွန်​ကရစ်​လမ်းမ​ပေါ်ခုန်​ဆင်းကာ ​ရေများတ​ဗွက်
ဗွက်​ထွက်​ကျကုန်​သည်​။

အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...Where stories live. Discover now