Zawgyi
အမှောင်ကမ္ဘာက...သူ...
"ဒီထဲထိဝင်လို့မရပါဘူး...."
အကူဆရာဝန်မလေးရဲ့ တားဆီးသံနဲ့အတူ ခွဲစိပ်ခန်း
တံခါးမှာစိပိတ်သွားသည်မို့ အတင်းတိုးဝင်နေသည့်
ဆယ်ဟွန်း မှာဆုတ်ကိုင်ထားတဲ့ လက်ဖဝါး
ကျယ်ကျယ်ကိုလွှတ်ပေးလိုက်ရသည်။
မမြင်ရတော့တဲ့အခန်းထဲကို အသိစိတ်မရှိတော့တဲ့လူတစ်ယောက်လိုမျိုးငေးကြည့်ရင်း တံခါးကိုလက်နှစ်ဖဝါးလေးနှစ်ဖက်တင်လျက်အနေအထားနှင့်...။
ဖြူရှည်ရှည် လက်သွယ်သွယ်တွေမှာ
ချစ်ရလွန်းသူရဲ့သွေးရည်တွေဟာမနည်းမနော။ဆို့နစ်နေသည့်ရင်ခွင်ကြောင့် အော်မငိုနိုင်တော့သလို မျက်ရည်တွေပင်ခမ်းကုန်ပြီထင်ရမလို တစ်စက်တစ်လေတောင်ကျမလာခဲ့...။
"သား...မေမေတို့အိမ်ပြန်ကြစို့လေ"
အနောက်ပါးမှစကားသံတိုးတိုးဟာ ဆယ်ဟွန်း
နားစည်ဝကိုထိခတ်ခြင်းမရှိ။
ထိုအခါ ဇနီးဖြစ်သူလက်ကိုကိုင်ရင်း ခေါင်းအသာရမ်းပြတဲ့
အိုဂင်မင်က 'ခဏလောက်လွှတ်ထားပေးလိုက်ပါ'
ဆိုတဲ့အကြည့်မျိုးနဲ့မို့ သူမလက်လျော့လိုက်သည်။နာရီပိုင်းမျှကြာသည်အထိ ဆယ်ဟွန်း တစ်ချက်လေးမှမရွေ့ခဲ့။
အသက်မဲ့နေတဲ့လူတစ်ယောက်လိုမျိုး တံခါးချပ်ကိုသာတွေတွေငေးနေခဲ့သည်။
မကြာမီ၌ ပွင့်ဟလာတဲ့ ထိုတံခါးတစ်ဖက်က ဆယ်ဟွန်း
အတွက်မျှော်လင့်ခြင်းအလင်းရောင်။"ဒေါက်တာ...လူနာရဲ့အခြေနေလေး"
အသာထွက်သွားတဲ့ဆရာဝန်ကို စိုးရိမ်ကြီးစွာမေး
သည့် ဆယ်ဟွန်းအသံဟာတုန်ယင်လျက်။"အော်...လူနာရှင်နဲ့တူတယ်...ခွဲစိတ်မှုကအောင်မြင်
ပါတယ်...ဒါမဲ့အခြေနေကိုစောင့်ကြည့်ရဦးမယ်...""ဟုတ်ကဲ့ပါ...ကျေးဇူးတင်ပါတယ်...ကျေးဇူးအများ
ကြီးတင်ပါတယ် ဒေါက်တာ"
YOU ARE READING
အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...
Fanfictionအချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာတွေနဲ့ထင်ပါရဲ့ ... ******* အချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာ...