အမှောင်ကမ္ဘာက...သူ...
Zawgyi
"ငါ...တောင်းပန်ပါတယ် မငိုပါနဲ့ကွာ..."
ကျောပြင်ကျယ်ကျယ်ကိုပွတ်သပ်ပေးရင်းချော့တော့အသက်တွေပြင်းပြင်းရှူနေရာကညိမ်သွားသည်။
ထို့နောက် ဖက်ထားသည်ကိုအသာခွာလို့ ကျနော့်
ကိုမျက်နှာငယ်လေးနဲ့ကြည့်ကာ မျက်ရည်တို့ကိုပွတ်သုတ်သည့်သူဟာ တကယ်ကိုကလေးငယ်လေးအတိုင်း။"ငါဟိုနားကဈေးတန်းလေးကို ခဏသွားကြည့်တာပါ
မင်းလည်းမရောက်သေးဘူးထင်လို့..."နီရဲနေသည့်နှာခေါင်းထိပ်လေးကို အသည်းယားစွာ
ဆွဲညစ်လိုက်ရင်း..."ငိုနေလိုက်တာ....ကလေးလား...?သူများတွေကြည့်နေပြီ"
ကျနော်ပြောလိုက်တော့ နှာခေါင်းလေးရှုံ့ကာတိတ်
သွားသည်။"ရော့..."
ရှေ့ကိုထိုးပေးလာတာက ရေသန့်ဗူးလေး။
ရေသောက်ဖို့တောင်မေ့နေပြီ။
သူဖွင့်ပေးတဲ့ရေဗူးလေးကိုမော့သောက်ကာ အမောဖြေရင်း..."လာ...ဈေးတန်းထဲခဏသွားကြည့်ရအောင်"
သူ့လက်ကိုအတင်းဆွဲကာ ခေါ်တော့ အနောက်ကနေ အိပဲ့ပဲ့နဲ့ပါလာလေရဲ့....
"မင်္ဂလာပါရှင့် ခရစ်မတ်နီးနေပြီမို့ လက်ဆောင်ပစ္စည်းလေးတွေကို 30% discount ချထားပါတယ်ရှင့်"
"30% discount တဲ့ ကြည့်ကြည့်ရအောင်"
ဆိုင်ထဲသို့သူ့လက်ကိုဆွဲကာအတင်းဝင်တော့ နောက်ကနေတရွတ်ဆွဲပါလာသည့်သူ။
စုံတွဲလက်စွပ်၊ဆွဲကြိုး၊အင်္ကျီနဲ့အခြားအမှတ်တရပစ္စည်းလေးတွေများစွာရှိတာမို့ စိတ်ဝင်တစားဟိုကြည့်ဒီနဲ့အ
လုပ်များနေတဲ့ကျနော့်ကို သူကစိတ်ရှည်လက်ရှည်
စောင့်လေသည်။စုံလင်လှသောပစ္စည်းများထဲမှ တစ်ခုသောအရာလေးကို ကျနော်အာရုဏ်ရောက်မိသည်။
အဖြူရောင်ကြွေအိုးလေးတောင့်လေးထဲက ထူးထူး
ဆန်းဆန်းအပင်ပေါက်သေးသေးလေး။
အနီရောင်အပွင့်ငယ်လေးတွေပေါက်နေသည့် အပင်ငယ်လေးကြားမှာထိုးထွက်နေတာက အမျိုးမတူတဲ့အဖြူနုရောင် အမွှေးလုံးလိုအပင်လေး။
ဒီလောက်အမျိုးကွဲနေတဲ့ အပင်လေးနှစ်ပင်က ပင်စည်တစ်ခုတည်းကနေတိုးထွက်ပြီးပွင့်လန်းနေကြတာသိပ်ကိုထူးဆန်း
သည်။
VOUS LISEZ
အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...
Fanfictionအချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာတွေနဲ့ထင်ပါရဲ့ ... ******* အချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာ...