Zawgyi
အမှောင်ကမ္ဘာက...သူ...
"ရော့..."
ရှေ့တည့်တည့်ကိုရောက်လာတဲ့ ဂျောင်ဆူးကိုမော့
ကြည့်ရင်း ကမ်းပေးနေတဲ့နို့အေးဗူးကိုယူလိုက်သည်။"စဉ်းစားနေပြန်ပြီလား...?အရင်ကအကြောင်းတွေ"
နိုးအေးဗူးရဲ့ အပေါက်ရာလေးကိုပိုက်နဲ့ထိုးဖောက်ရင်း
မေးလာတဲ့ ဂျောင်ဆူး....။
ထိုအကြောင်းတွေကို တွေးမိတိုင်း မရိုးနိုင်အောင် ကျနေဆဲမျက်ရည်စက်တွေကိုသုတ်ရင်း...။"စဉ်းစားနေတယ်ဆိုတာထက် မေ့လို့မရတာ"
တွေငေးငေး ပြန်ဖြေရင်း နို့အေးဗူးကိုဖောက်သောက်လိုက်သည်။
"နာကျင်စရာအတိတ်တွေကိုမတွေးပါနဲ့ကွာ...ကိုယ်ပဲ
ပင်ပန်းရတာ..."တစ်ကျိုက်ထဲကုန်သွားတဲ့ နို့အေးဗူးခွံလေးကို ဖိညစ်ရင်း ဂျောင်ဆူးကဆိုလာသည်။
ဒိုဂျောင်ဆူး....ကျနော့်လိုပဲ မိဘမဲ့ တစ်ကောင်ကြွက်လို့ထင်ရ
သည့်သူ။
သိပ်မုန်းရပါတယ်ဆိုတဲ့ လီမင်ယောင်းရဲ့အိမ်မှာ ကျွန်
လိုမျိုးနေနေရတဲ့ ဘဝတူကျနော်တို့နှစ်ယောက်မှာ
သူကဒီအိမ်ကိုအရင်ရောက်နေနှင့်တဲ့သူဖြစ်သည်။
တစ်အိမ်လုံးမှာ အရွယ်တူ၊ဘဝတူတာမို့ သူနဲ့အဖော်ရ
သလို စိတ်ထားပြည့်ဝတဲ့ဂျောင်ဆူးက ကျနော့်မိသားစုဝင်
ကဲ့သို့။"ဒိုဂျောင်ဆူး...မင်းကို သခင်ကြီးခေါ်နေတယ်..."
သိသိသာသာ ညှိုးသွားတဲ့ ဂျောင်ဆူးမျက်နှာလေး။
သခင်ကြီးဆိုတာ ကျနော့်ဘဝရဲ့တစ်ခုတည်းသော
မိစ္ဆာကြီး လီမင်ယောင်း။
သူကဂျောင်ဆူးကိုမကြာခဏလာလာခေါ်တတ်သည်။
ဘာခိုင်းမှန်းမသိပေမဲ့ သူ့ဆီကပြန်လာတိုင်း ဂျောင်
ဆူးအမြဲမှိုင်နေတတ်တာ။
တစ်ခါတစ်ခါဆို ကြိတ်ပြီးငိုနေသေးတာမို့ ကျနော်မသွားစေချင်။
စကားနည်းပြီး ဂျွတ်ဆတ်ဆတ်နိုင်တဲ့ ဂျောင်ဆူးက
ကျနော်မေးလည်းဖြေတာမဟုတ်တော့ မမေးမိ။
YOU ARE READING
အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...
Fanfictionအချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာတွေနဲ့ထင်ပါရဲ့ ... ******* အချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာ...