Zawgyi
အမှောင်ကမ္ဘာက...သူ...
ထိုကျောင်းသားကပဲ ခနဲတဲ့တဲ့ ရေရွတ်ရင်း....
"ပြဿနာရှာတာတဲ့လား...?ထားပါ...ပြဿနာရှာ
တယ်ပဲ.......အေး...အရှာမခံချင်ရင် ပိုက်ဆံပေးလိုက်ကွာ...အေးအေးဆေးဆေးပဲပြောမယ်....".
.နောက်ဆုံးမြောက်သော ကန်ချက်တစ်ချက်က
ဝမ်းဗိုက်ကိုပြင်းထန်စွာလာရောက်ထိခတ်သည်။
အတွင်းကလီဆာများပင် ဆုတ်ပြတ်သွားပြီဟု
ထင်ရအောင် စူးနစ်သည့်နာကျင်မှု။
အဖြူရောင် ဟော်ဒီလေးမှာစွန်းပေနေသည့် သွေးစ
တချို့နှင့် ဖုန်မှုန့်၊မြေမှုန့်များ။တစ်ချိန်ထဲမှာပဲ သဲထန်စွာရွာသွန်းလာသည့် မိုး
ပေါက်များကရပြီးသားဒဏ်ရာတို့ကိုပို၍နာကျင်လာစေ၏။*မဖြစ်သေးဘူး...ဒီအတိုင်းဆို လမ်းပေါ်မှာတင်သေသွားလိမ့်မယ်*
လဲကျနေရာမှ ကုန်းရုန်းထကာ အတော်အလှမ်းအကွာ
တွင်ကျနေသည့် မုန့်ထုတ်လေးအားကောက်လိုက်သည်။"အ...အား......ဟူး.."
နာကျင်မှု အတော့်ကိုဆိုးဆိုးဝါးဝါးဖြစ်တာမို့ ယောလ်
ခြေထောက်များပင် ညွှတ်ကျလုနီးနီး။
နာကျင်လှပြီဖြစ်သော ဒဏ်ချက်များက မိုးစက်များ
ကြားတွင် ကိုက်ခဲ၍လာသည်အထိ။
ဝေဝါးဝါးမြင်ကွင်းကို လက်ခုံနှင့်ပွတ်သက်ကာ အိမ်
အပြန်လှမ်းကိုသာ ရှေးရှု၍.....ကံကောင်းစွာ ထွက်မကျခဲ့သော အိတ်ထောင်ထဲမှ
သော့တွဲကို ထုတ်ကာ အိမ်တံခါးကိုဖွင့်သည်။
တုန်ယင်နေသည့်လက်ချောင်းများက သော့ချောင်းကို
ပင်အပေါက်တည့်အောင်မထိုးနိုင်တော့။
နောက်ဆုံး၌ ပွင့်ဟသွားသည့်သော့ခလောက်ကို
ဖြုတ်ချကာ ကြမ်းပေါ်သို့ပစ်ချလိုက်သည်။
တံခါးဂလန့်ကိုဖွင့်ကာ ဟလိုက်သော်ငြား အားအင်
ချိနဲ့လွန်းနေသည့် ခြေအစုံက နေရာတွင်သာ
ပုံကျလျက်။
BINABASA MO ANG
အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...
Fanfictionအချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာတွေနဲ့ထင်ပါရဲ့ ... ******* အချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာ...