အမှောင်ကမ္ဘာက...သူ...
Zawgyi
အိပ်မက်ဆိုးတို့သည့် ထိပ်လန့်ဖွယ်ကောင်းသော်ငြား
နေသားကျနေခဲ့ပြီ။
အလန့်တကြားပွင့်ဟလာတဲ့မျက်ဝန်းတစ်စုံနဲ့အတူ
အိမ်မက်ဆိုသည့်အသိစိတ်က တိုးကပ်လာခဲ့သည်။
သတိထားမိသည့်အချိန်မှာ လက်ထဲကတစ်စုံတစ်ခုသည်က နူးညံ့သေးသွယ်လွန်းသည့်လက်တစ်ဖက်ကိုဆုတ်ကိုင်ထားမိရက်သား...ထွက်သွားမှာ ဟူသောအသိက အချိန်နဲ့အမျှရင်ကို
ပူစေပြန်သည်။ဂရုစိုက်မှုတွေကို ကျနော်တစ်ယောက်မက်မောနေမိ
ပြီထင်ပါရဲ့....အမြဲစနောက်နေတတ်တဲ့သူကြောင့် ရယ်နေရတာကို
ပျော်တတ်လာပြီ...စကားတွေမနားတမ်းပြောတတ်တဲ့သူ့ကြောင့် မပျင်း
မရိနားထောင်ရတာကိုအသားကျလာပြီ...ဒီလိုနဲ့ပဲ ငါမင်းကိုဆွဲထားမိတော့မယ် ကောင်လေး...
မင်းမရှိရင်မနေတတ်တော့မှာကို စိုးရိမ်တတ်လာအောင်မင်း
လုပ်ရက်တယ်...တစ်နေ့...
မင်းသာထွက်သွားခဲ့ရင်....
ငါနောက်တစ်ကြိမ်ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး....
အတွေးတို့နယ်ကျွံရင်း ခတ်ဟဟပွင့်နေသည့် ကောင်
လေးရဲ့ နှုတ်ခမ်းပါးရဲရဲကို အကြောင်းမဲ့စွာငေးမိ၏။
ညစ်ညမ်းညမ်းငေးမိခြင်းမျိုးမဟုတ်သော်ငြား ထိုနေ
ရာမှအကြည့်တို့ကိုခွာရန်ဝန်လေးနေမိသည်။
တဒိတ်ဒိတ်တိုးဆောင့်နေသော ရင်အုံတစ်နေရာကို
လုံးဝမှသတိမပြုခဲ့မိပါဘူး....ဤသို့နှင့် ဆုတ်ကိုင်ထားဆဲလက်လေးတစ်ဖက်ကို
ပို၍ဖိကိုင်လိုက်ရင်း တဖန်အိပ်စက်နိုင်ရန်ကြိုးစား
သည်။.
."ဆယ်ဟွန်းနာ..."
"အွန်း...ပြောလေ"
"ဒီနေ့....."
ဒီနေ့ ဟုခတ်တွေတွေဆိုကာ ပြောလက်စကိုရပ်တန့်
ထားခဲ့ပြန်သည်။
YOU ARE READING
အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...
Fanfictionအချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာတွေနဲ့ထင်ပါရဲ့ ... ******* အချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာ...