Zawgyi
အမှောင်ကမ္ဘာက...သူ...
"အား.....!!!!..."
ကျယ်လောင်လွန်းတဲ့ ချန်းယောလ်ရဲ့ အော်သံက အိမ်
ခန်းတစ်ခုလုံး ဟိန်းထွက်သွားသည်။
အခန်း၏ထောင့်တစ်နေရာ၊တစ်နည်းအားဖြင့် ချန်းယောလ်ငယ်ငယ်က နေခဲ့သည့်အခန်းလေးရဲ့ ထောင့်တစ်နေရာမှာ။
ကုတင်ရှိပေမဲ့ထောင့်တစ်ခုမှာကပ်ကာ နံရံကိုမှီလျက်အိပ်ပျော်နေသည့် ချန်းယောလ်။အိမ်မက်ဆီသို့ ဝင်ရောက်နှောက်ယှက်သော
အတိတ်၏ဖြစ်ရပ်ဆိုးများစွာကြောင့် ကြောက်လန့်တကြားအော်ဟစ်ရင်း နိုးထလာမိသည်။
ချွေစီးချွေးပေါက်တို့က နားထင်စပ်မှစီးကျလျက်...
မျက်နှာကို လက်နှစ်ဖက်နှစ်ဆွဲပွတ်ကာ နှာဖူးပေါ်သို့ဝဲကျနေသော ခတ်အုတ်ဆံပင်တို့ကို နောက်သို့သပ်တင်လိုက်သော်လည်း နဂိုအတိုင်းပြန်ကျလာသည်။စူးနစ်စွာ ကိုက်ခဲလာတဲ့ဦးခေါင်းကိုဖိနှိပ်လိုက်သော်
လည်းမသက်သာ။ထို့အပြင် နှိပ်စက်နေသေးသည်က အတိတ်ဆိုးများ...
"သား.....ယောလ်...."
မြင်ကွင်းဆီသို့ ပေါ်ထွက်လာသော မိခင်ကိုတမ်းတစွာ
ခေါ်လိုက်မိသည်။"မေမေ..."
"ချန်းယောလ်ရား...ငါ ဂျောင်ဆူးလေ...."
မျက်ဝန်းထဲမှာ ဖြတ်ပြေးနေတဲ့ ပုံရိပ်တချို့နှင့်
မျက်ရည်တစ်စက်က ပါးပြင်ထက်သို့..."ရား....ပတ်ချန်းယောလ်...ငါ့ကို သတ်တဲ့ကောင်..."
ထောင်မှူးဝတ်စုံနဲ့လူတစ်ယောက်...မဟုတ်ဘူး...
ထောင်သားဝတ်စုံနဲ့။
ရင်ဘက်ပေါ်က နာမည်က ပတ်ချန်းယောလ် ပေမဲ့လူကချန်းယောလ်မဟုတ်။
ဘယ်ဘက်ရင်အုံထက်က တစ်စက်စက်ကျနေတဲ့ သွေးတွေနဲ့ ထိုလူက ချန်းယော် ကိုခြောက်ခြားဖွယ်ကြည့်ကာ တစ်စုံတစ်ခုပြောနေသည်။
ESTÁS LEYENDO
အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...
Fanficအချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာတွေနဲ့ထင်ပါရဲ့ ... ******* အချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာ...