(Zawgyi ver)
မနက်ပိုင်း ကျောင်းမလာခင်ကတည်းက အုပ်မှိုင်းနေတဲ့မိုးတွေက အခုတော့မိုးတိမ်တွေကနေ
မိုးစက်သေးသေးလေးတွေအဖြစ်နဲ့ စတင်သက်ဆင်းနေပြီ ဖြစ်သည်စစချင်းမှာတော့ တစ်ပေါက်နှစ်ပေါက်နဲ့ ခက်ကျဲကျဲ ကျနေတဲ့ မိုးရေစက်လေးတွေကို ဂရုမထားတဲ့ ကျောင်းသားတစ်ချို့က ကျောင်းဝန်းကြီးထဲကိုပုံမှန်ခြေလှမ်းများနဲ့ ဝင်လာနေရာကနေအခုတော့ မိုးကခက်စိပ်စိပ်ရွာချလာတာကြောင့် မြန်ဆန်တဲ့ခြေလှမ်းများနဲ့ စာသင်ခန်းရှိရာသို့ ဦးတည်ပြေးလွှားနေကြရသည်
"ကလင်...ကလင်"
တစ်ယောက်ထဲရောက်တက်ရာရာတွေးနေမိတဲ့ အတွေးက ကျောင်းတက်ခေါင်းလောင်းသံကြောင့် တစ်စစီ ပြယ်လွင့်ကုန်သည်
အခန်းထဲက ကျောင်းသူ ကျောင်းသားတွေ အားလုံးလည်း သူတို့နဲ့ သက်ဆိုင်ရာခုံနေရာတွေမှာ ဝင်ထိုင်နေကြပြီ
ထို့နောက် အတန်းခေါင်းဆောင်မှ"အတန်း သတိ နှုတ်ဆက်"
" မင်္ဂလာပါ Sam"
" အားလုံး မင်္ဂလာပါ ကိုယ့်နေရာ ကိုယ့်ထိုင်နိုင်ပြီ အော်ဒါနဲ့ ဒီနေ့ Sam တို့ အတန်းကို ကျောင်းသားသစ် ရောက်မယ်
သား...လာလေ ဝင်ခဲ့"စာသင်ခန်းအဝကိုကြည့်ရင်း တစ်စုံတစ်ယောက်ကိုခေါ်လိုက်တာကြောင့် အတန်းသားအားလုံး အကြည့်တွေကပါ အခန်းဝကိုရောက်သွားကြသည်
"အာလုံး တွေ့ရတာဝမ်းသာပါတယ် ငါနာမည်က Yeonjun... Choi Yeonjun ပါ"
"သား အဆင်ပြေတဲ့နေရာကို ဝင်ထိုင်လိုက်နော်"
Sam ရဲ့စကားအဆုံးမှာ
ကျွန်တော် အခန်းတစ်ခုလုံးကို ခြုံကြည့်လိုက်တဲ့အချိန်မှာ တစ်ခန်းတစ်ခုလုံးရဲ့ အကြည့်တွေက ကျွန်တော်ဆီမှာရှိနေကြပေမဲ့ နောက်ဆုံးတန်းရဲ့ဒေါင့်နေရမှာထိုင်နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကောင်လေးတစ်ယောက်
ထိုကောင်လေးရဲ့အကြည့်တွေကတော့ ကျွန်တော် ဆီမှာရှိမနေဘဲ ခေါင်းကိုတွင်တွင်ငုံ့ကာ စာအုပ်ကိုသာစူးစူးစိုက်စိုက်ကြည့်နေတယ်
သူပုံစံကြည့်တော့လည်း အနေအေးမဲ့ပုံစံလေးကြောင့် ကျွန်တော်ခြေလှမ်းတွေက ကျွန်တော်ကိုယ်တိုင်မသိလိုက်ခင်မှာဘဲ ထိုကောင်လေးလည်းနားရောက်သွားခဲ့ပြီ

YOU ARE READING
Regrets [Completed]
RomansaChoi Soobin X Choi Yeonjun ❤️ Warning 🚨🚨🚨 (Zawgyi + Uni)