1.3 [ unicode ]

6.3K 712 15
                                    


ဆောင်းရာသီမှာယုန်မည်းလေးတွေအစာရှာထွက်တဲ့အခါ နှင်းတွေကျဆင်းတာကြောင့် ယုန်ဖြူလေးတွေဖြစ်သွားတတ်တယ်လို့ ပြောစမှတ်တွင်ကြတဲ့ ကာလကိုကျော်လွန်လာခဲ့ပြီဖြစ်တယ်

ဆောင်းရာသီမှာယုန်မည်းလေးတွေအစာရှာထွက်တဲ့အခါ နှင်းတွေကျဆင်းတာကြောင့် ယုန်ဖြူလေးတွေဖြစ်သွားတတ်တယ်လို့ ပြောစမှတ်တွင်ကြတဲ့ ကာလကိုကျော်လွန်လာခဲ့ပြီဖြစ်တယ်

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

Tromsø ရဲ့ဒီနှစ်ကတော့ နှင်းတွေအရည်ပျော်ပြီး ဆောင်းရာသီအမြန်ကုန်လွန်တယ်။ ဧပရယ်ကတော့ နှစ်တစ်နှစ်ရဲ့အစိုစွတ်ဆုံးလ.. မိုးလည်းတအားရွာသလို နှင်းတွေလည်းတမြေ့မြေ့အရည်ပျော်နေတာကြောင့် ဘယ်နေရာကြည့်ကြည့် စိုစွတ်မှုကိုခံစားရတယ်။ ထိုလိုအချိန်ဆို ထီးရောင်စုံလေးတွေက လမ်းမပေါ်မှာဟိုပြေးဒီပြေးနဲ့ ခံစားမှုတစ်ခုကိုပေးတယ်

" ဒီနေ့ရော နောက်ကျမှာလား "

" မသိဘူးလေ ကောရဲ့
လူကတအားများလာတော့ ကျွန်တော်ကအချိန်ပြည့်သင်ပေးရသလိုဖြစ်နေတော့တာ "

အခုတလော ရိပေါ်ကအိမ်သိပ်မကပ်ဘူး
အကြောင်းကတော့ အကကျောင်းမှာလူပိုများလာရခြင်းကနေစတယ်။ အကပိုင်းကိုစိတ်ပါဝင်စားတဲ့သူတွေများလာတဲ့အပြင် ကလေးငယ်တွေက ကျောင်းလည်းပိတ်ထားကြတာကြောင့် ရိပေါ်တို့အကကျောင်းလေးက လူတအားစည်နေတယ်။ ဒါကြောင့် အချိန်ပိုင်းဆရာအဖြစ်ဝင်လုပ်ခဲ့တဲ့ကလေးငယ်က အခုတော့အချိန်ပြည့်ဆရာဖြစ်နေလေရဲ့

" ခြေထောက်ကိုဂရုစိုက်နော်
ရိပေါ်တစ်ခုခုဖြစ်ရင် အင်းး ကောအကြောင်းအသိဆုံးမဟုတ်လား "

ထမင်းစားပွဲပေါ်မှာတင်ထားတဲ့လက်ကိုဆွဲယူပြီး ကလေးငယ်က သူ့ပါးပြင်နဲ့အသာအပ်တယ်။ ကြောင်လေးတွေသခင်ကိုကပ်ချွဲသလို ကျွန်တော့်လက်ဖမိုးကို သူ့ပါးပြင်နဲ့ပွတ်သပ်နေတဲ့ရိပေါ်ကသိပ်ချစ်ဖို့ကောင်းတယ်
တဖွဖွလည်းနမ်းနေသေးးးး

LOVE IN NORWAY [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin