![]()
Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro. ချုံချင်းရဲ့ရာသီဥတုက Tromsøလောက်အချမ်းဓာတ်မကဲ
ပြတင်းပေါက်ဘေးက ခုတင်လေးမှာတော့ ရိပေါ်က ကျုံ့ကျုံ့လေးအိပ်မောကျနေလေရဲ့ပါးနဲ့မားရဲ့ အစီအမံကောင်းမှုကြောင့် ရိပေါ်နဲ့ကျွန်တော်က ခုတင်တစ်ခုစီခွဲအိပ်ရတယ်။ မနေနိုင်တဲ့ ကျွန်တော်က နှစ်ယောက်အတူအိပ်မယ်ပြောကြည့်တော့ မိဘအိမ်မှာဆင်ခြင်ရမယ်လေလို့ ရိပေါ်က သတိပေးတယ်
ကလေးငယ်က ဒီလိုလည်းသိတတ်သေးတာ" ရိပေါ် ... ရိပေါ် ထတော့လေ
နေမြင့်တဲ့အထိအိပ်ရင် ခေါင်းကိုက်လိမ့်မယ် ထတော့ လာ "ခေါင်းအုံးကိုခွထားကာ ခွေခွေလေးအိပ်နေတဲ့ ကလေးငယ်ကို ဆွဲထူတော့ အိပ်ချင်မူးတူးနဲ့ လက်ထဲပါလာတယ်
" ကြည့်ပါဦး.. ဆံပင်တွေကလည်းထောင်နေတာပဲ "
ဖိအိပ်ထားလို့ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ဆံပင်မွှေးတွေကို လက်နဲ့အသာသပ်ပေးတော့ မျက်လုံးကြီးမှိတ်ပြီးငြိမ်နေပြန်ရဲ့" ကောအရင်ဆင်းနှင့်ရမလား?
မျက်နှာသစ်ပြီးလိုက်ခဲ့လေ "" ဟမ် မရဘူး! ခဏစောင့်ပေး ကျန့််ကော
တူတူသွားမယ် "ခုတင်ပေါ်က လှစ်ခနဲဆင်းပြီး ရေချိုးခန်းထဲပြေးဝင်တယ်
အိပ်ထားတာကြည့်ပါဦး.. စောင်တွေတောင်အောက်ကိုပြုတ်ကျလုနီးပါးဖြစ်နေပြီ
အကုန်ဆွဲသိမ်းပေးပြီး ရေချိုးခန်းကထွက်လာမယ့် ကလေးငယ်ကိုစောင့်ရတယ်။ ပြန်တွေးကြည့်တော့ ကျွန်တော့်ရဲ့လက်ရှိအခြေအနေက တအားစိတ်ချမ်းသာစရာကောင်းလွန်းတယ်။ မိသားစုအစုံအလင်အပြင် ချစ်ရတဲ့သူပါ အတူရှိနေတဲ့ဘဝ၊ ပူပန်စရာတစ်ခုမှမရှိတဲ့ဘဝမျိုးကို ပိုင်ဆိုင်ထားတာဟာ ကံကောင်းတာထက်ကိုသာလွန်နေပြီ
တကယ်ကို ကလေးငယ် ကျွန်တော့်ဘဝထဲဝင်လာကတည်းက ကံကောင်းမှုတွေနဲ့အပြည့်ဖြစ်နေခဲ့တာပဲ
