1.2 [ unicode ]

6.1K 767 33
                                    

Tromsø ပြန်ရောက်တဲ့အခါကျ ချုံချင်းရဲ့စိုစွတ်စွတ်ရာသီဥတုလေးကိုလွမ်းမိပြန်ရော။ Tromsø ရဲ့ဖေဖော်ဝါရီက အအေးဆုံးလဖြစ်သလို ဆောင်းရာသီကုန်ခါနီးလလို့လည်းပြောလို့ရတယ်။ ရိပေါ်ကတော့ရောက်ရောက်ချင်း အန်တီနက်တလီတို့အိမ်မှာ ကျင်းကော်ကိုသွားခေါ်တော့တာပဲ။ ဘယ်လောက်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Tromsø ပြန်ရောက်တဲ့အခါကျ ချုံချင်းရဲ့စိုစွတ်စွတ်ရာသီဥတုလေးကိုလွမ်းမိပြန်ရော။ Tromsø ရဲ့ဖေဖော်ဝါရီက အအေးဆုံးလဖြစ်သလို ဆောင်းရာသီကုန်ခါနီးလလို့လည်းပြောလို့ရတယ်။ ရိပေါ်ကတော့ရောက်ရောက်ချင်း အန်တီနက်တလီတို့အိမ်မှာ ကျင်းကော်ကိုသွားခေါ်တော့တာပဲ။ ဘယ်လောက်ပဲ သူ့ကိုချေချေ... ကျင်းကော်ကို ရိပေါ်ကအရမ်းချစ်တယ်
အင်း ကျင်းကော်လည်းအတူတူပါပဲ

" ရိပေါ်.. ကျင်းကော်ကိုချထားခဲ့တော့
လေယာဉ်အကြာကြီးစီးလာရတာ နည်းနည်းလှဲလိုက်ဦး "

" ကော ကျင်းကော်က ကျွန်တော့်ကိုတအားလွမ်းနေတယ်ထင်တယ် ကြည့်ပါဦး "

တကယ်လည်းဟုတ်သည်။ ရောက်လာကတည်းက ရိပေါ့်ပေါင်ပေါ်မှာလှဲအိပ်နေတဲ့ ကျင်းကော်လုံးလုံးက ရိပေါ့်ကိုထသွားခိုင်းဖို့အစီအစဉ်မရှိဟန်။ ကောင်ငယ်လေးကလည်း ကျင်းကော်ကိုပွတ်သပ်ရင်းနဲ့ ကြမ်းပြင်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေလေရဲ့

အိမ်ကတစ်ပတ်နီးပါးလောက်လွတ်နေခဲ့တာဆိုတော့ ဖုန်မှုန့်တစ်ချို့ကရှိနေပြီး လေထုကလည်းမလတ်ဆတ်ဘူး။ ပါးနဲ့မားတို့ထည့်ပေးလိုက်တဲ့ပစ္စည်းတွေ အစားအသောက်တွေသယ်လာတဲ့အိတ်တွေကိုချ.. အင်္ကျီချက်ချင်းလဲပြီး အိမ်ကိုအရင်ရှင်းဖို့ပြင်ရမယ်

" ရိပေါ် ကောကိုမကူညီချင်ဘူးလား "

" လာပြီ! ကျန့်ကော "

ချက်ချင်းဆိုသလိုအနားရောက်လာတဲ့ရိပေါ်က နောက်ကျောကနေ ခါးကိုစွေ့ကနဲလာဖက်တယ်။ မီးဖိုချောင်က စားပွဲခုံကိုရှင်းနေတဲ့ ကျွန်တော့်ခမျာ စားပွဲပေါ်တောင်ထောက်ကျလုနီးနီး
ဒီကောင်လေးက အခုတလောအရမ်းသန်လာတာပဲ

LOVE IN NORWAY [ Completed ]Where stories live. Discover now