မနက်ခင်းအလင်းရောင်ကျရောက်နေမှုကြောင့် လမ်းမီးတိုင်တွေတောင်ခပ်မှိန်မှိန်..အချိန်ကားမနက်ခုနှစ်နာရီထိုးအတိ...
ဘဲလ်မြည်သံတစ်ချက်ကြားလို့ထွက်ကြည့်လိုက်တော့ အင်္ကျီမှာလည်းနှင်းမှုန်ဖွေးဖွေးတွေက ကပ်ညိလျက်နဲ့ အိမ်ဝကို ဆိုက်ရောက်လာတဲ့ရိပေါ်။
ကောင်ငယ်လေးက ကတိတော့တည်သား....ဘယ်လက်မှာ စကိတ်ဘုတ်လေး.. ညာလက်မှာတော့ ခပ်ကြီးကြီးအိတ်တစ်လုံးကိုကိုင်ထားတဲ့ ကောင်လေးက " ဝတ်ဖို့အင်္ကျီနဲ့တစ်ကိုယ်ရေအသုံးအဆောင်ကလွဲပြီး ဘာပစ္စည်းမှမသယ်လာနဲ့နော် " ဆိုတဲ့စကားကိုသေချာနားထောင်ခဲ့တာပဲ။ အလိမ္မာလေး!
" ကော လာခေါ်မှာပေါ့ ရိပေါ်ရဲ့။ လာ... ဒီကိုပေး "
ရိပေါ့်လက်ထဲက ဆွဲယူထားတဲ့ စကိတ်ဘုတ်နဲ့အိတ်ကို ယာယီနေရာချထားပြီး...ကလေးငယ်ကို ပြန်လှည့်ကြည့်တော့... အိမ်အဝင်ဝမှာရပ်ရင်း ကိုယ်ပေါ်ကနှင်းတွေကိုလက်နဲ့ခါထုတ်နေရဲ့။ ဆံပင်ပွပွပေါ်မှာတင်နေတဲ့ ဖြူလွှလွှအမှုန်တွေကို အပြေးလေးသွားခါပေးတော့ ခေါင်းလေးကိုပိုပြီးငုံ့ပေးလာလေရဲ့..." ကြည့်ပါဦး! ဘယ်တော့မှနွေးနွေးထွေးထွေးမဝတ်ဘူး။ ရိပေါ်က ကောစကားကိုတကယ်နားမထောင်တာပဲ "
ဝတ်ထားတဲ့ အနွေးထည်ခပ်ပါးပါးကို ရင်ဘတ်လုံအောင်ဆွဲစိပေးပြီး ဆူပူသလိုပြောလိုက်တော့" မဟုတ်ပါဘူးးးးး အိမ်ကနီးတော့ အလွယ်တကူပဲကောက်ဝတ်လိုက်မိတာ... နောက်ဆိုသေချာဝတ်ပါ့မယ် "
" ဟုတ်ပါပြီကွာ... ခဏထိုင်လိုက်ဦး ကောကော်ဖီပူပူလေးသွားဖျော်ပေးမယ်။ ပြီးမှ ပစ္စည်းတွေနေရာချကြမယ် ဟုတ်ပြီလား "