Chapter - 25 (မနေ့ကအတွက်ကျေးဇူးပဲ)

9.2K 1.3K 21
                                    

[Zawgyi]

ဒေါက်တာခန့်ချောကြီး သတိရလာတဲ့အခါမှာတော့ သူ့အကြည့်ဟာ တွေဝေရှုပ်ထွေးနေပုံပေါ်လေတယ်။ သူဘယ်ရောက်နေလဲဆိုတာ မမှတ်မိပေ။ ဘာဖြစ်ခဲ့တယ်ဆိုတာကို သတိရသွားတဲ့နောက်မှာတော့ သူဆိုဖာပေါ်ကနေ ထထိုင်လိုက်တယ်။ လှုပ်ရှားလိုက်တဲ့အတွက်ကြောင့် ဒဏ်ရာက တင်းသွားပြီး နာတဲ့အတွက် သူညည်းလိုက်မိတယ်။

"ရှင်သတိရလာပြီပဲ...။"

တိုးညင်းတဲ့အသံတစ်သံ ထွက်လာတာကြောင့် နောက်ကိုလှည့်ကြည့်တဲ့အခါ သူ့နောက်မှာရပ်နေတဲ့ မိန်းမတစ်ယောက်ကို သူတွေ့လိုက်ရလေတယ်။ သူမက ပန်းကန်တစ်ချပ်ကိုင်ထားပြီး ခေါက်ဆွဲတွေကို ပါးစပ်ထဲ ထိုးသွတ်လို့နေတယ်။

"မင်းက ဘယ်သူလဲ?"

ဒေါက်တာဟာ လက်ကောက်ဝတ်မှာရှိတဲ့သေနတ်ကို အလိုလိုစမ်းလိုက်မိတယ်။ နေရာအနှံ့ရှာကြည့်ပေမယ့် သေနတ်ကို မတွေ့ချေ။ သူ့ဒဏ်ရာကသာ တင်းလာပြီး သေမလို နာလာတာကြောင့် လှုပ်ရှားနေတာကို ရပ်လိုက်ရလေတယ်။

နဉ်ရှု ပါးစပ်ထဲက ခေါက်ဆွဲတွေကို မျိုချလိုက်ပြီး သူ့ကိုကြည့်ကာ မျက်တောာင်တဖျပ်ဖျပ် ခတ်လိုက်တယ်။ သူမပါးစပ်ဖျားဟာ ကွေးတက်သွားလေတယ်။

'သူဒီကို ဟာသလုပ်ဖို့ရောက်နေတာလား?'

"မင်း ငါ့ပစ္စည်းတစ်ခုကို ယူထားတယ်မလား?"

ဒေါက်တာက နဉ်ရှုကို မှောင်မိုက်နေတဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ သူ့အစာအိမ်က တဂွီဂွီမြည်လာတော့တယ်။

"Oh...ငါမင်းကို မှတ်မိပြီ။ မနေ့က ငါ့ကို လက်နက်ပုန်းထုတ်ဖို့ ကူညီပေးခဲ့တဲ့ ကောင်မလေးပဲ။ ဟားဟား..."

ဒေါက်တာက ပွင့်လင်းစွာ ရယ်မောလိုက်လေတယ်။

"ကိုယ့်ကိုလည်း ခေါက်ဆွဲတစ်ပန်းကန်လုပ်ပေး။"

နဉ်ရှု သဘောတူကြောင်း အသံတစ်ချက်ပြုလိုက်တယ်။ သူမနှုတ်ခမ်းတွေကတော့ အထင်သေးမှုနဲ့ ကွေးညွတ်နေပြီး သူ့အတွက် ခေါက်ဆွဲပြုတ်ပေးဖို့ ထွက်သွားလိုက်တယ်။ သွေးတွေအများကြီး ဆုံးရှုံးထားတာတောင် နောက်တစ်ရက်မှာ သတိရလာတာဆိုတော့ သူကအတော်လေး ခံနိုင်ရည်ရှိတာပဲ။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now