[ Zawgyi ]
Park Jimin
ကျွန်တော့်အသက်က ဆယ့်ကိုးနှစ် ။ တက္ကသိုလ်
ကျောင်းသားပေါ့ဗျာ ။ ကျွန်တော်က မယ်မယ်ရရ
အလုပ်တော့မရှိဘူး ။ ကြုံရာလုပ်တယ် ။ လုပ်ချင်
တာလုပ်တယ် ။ ပိုက်ဆံရဖို့က အဓိက ။ တစ်ခါ
တစ်လေလည်း လိမ်စားတယ် ။ ကျွန်တော့်ရဲ့
partner ကတော့ ကျွန်တော့်သူငယ်ချင်း
ကင်မ်ထယ်ဟျောင်း။ ကျွန်တော်မှာ ညီတစ်ယောက်
နဲ့ အမေနဲ့ ရှိတယ် ။ အဖေကတော့ သေသွားပြီ
လို့ထင်တာပဲ ။ တစ်ခါမှလည်း မတွေ့ဖူးဘူး ။
ကျွန်တော်က ဘူဆန်သား ။ ထယ်ဟျောင်းက
ဒယ့်ဂူသား ။ တက္ကသိုလ်တက်မှ ဆိုးလ်မှာ ဆုံဖြစ်
ပြီး roomates ဖြစ်လာတာ ။အင်း....
ကျွန်တော့်ဘ၀က ခက်ခဲတယ် ။ အရှင်းဆုံးပြောရ
ရင်ဗျာ ... ကိုယ့်ဒူးကိုယ်ချွန်နေရတာ ။ ညီနဲ့ အမေ့
ကိုပါ ကျွန်တော်က ရှာကျွေးနေရတာ ။ ညီက အခုမှ
အထက်တန်းကျောင်းသားဆိုတော့ ကျွန်တော့် ၀င်ငွေ
နဲ့ပဲ ကျောင်းစရိတ် နဲ့ အမေ့အသုံးစရိတ်ကို ထောက်ပံ့
နေရတယ် ။ အလုပ်မယ်မယ်ရရ မရှိရတဲ့ အကြောင်း
ရင်းက ကျွန်တော့်အတွက်တော့ ရှင်းပါတယ် ။ တစ်ခု
တည်းကို ဇောက်ချပြီး လုပ်ရင် ကျွန်တော့်အတွက်
မလောက်ငဘူး ။ ဒါကြောင့် ကြုံရာလုပ်တာပေါ့ ။
ကြုံရာလုပ်တယ်ဆိုတာက လိမ်တယ် ဘတ်တယ်
နုံနုံအအ သူဋ္ဌေးတွေဆီက ပေါ့ ။ ဒီလိုဆိုတော့
သိပ်မပင်ပန်းပဲ ပေါပေါလောလော သုံးရတယ်လေ
ကျွန်တော်ရော ထယ်ဟျောင်း ရောက ဒီအလုပ်မှာ
ကျွမ်းကျင်တယ် ။~~~~~~~~~~~~~~~~~
Min Yoongi
ကျွန်တော့် အသက်က နှစ်ဆယ့် ခြောက်နှစ်
ချမ်းသာတယ် ။ ကျိကျိတက်အောင်ချမ်းသာတယ် ။ လုပ်ငန်းစုပေါင်း သောင်းခြောက်ထောင်
ကိုဦးစီးနေရတဲ့သူ ။ ပြီးတော့ ဆင်းရဲတာကို မုန်းတယ်
လိမ်တာကို မုန်းတယ် ။ လိုချင်တာတစ်ခုကို မပေး
လည်း ရအောင်ယူတယ် ။ ဖအေမတူ မအေကွဲ လင်
ပါသားတစ်ယောက်ကို သတ်ပစ်ချင်လောက် အောင် မုန်း
တယ် ။ ဘာလို့လဲဆိုတော့ သူက ကျွန်တော် သဘော
ကျမြတ်နိုးတဲ့ အရာတိုင်းကို ဖျက်လိုဖျက်ဆီး လုပ်တတ်
တဲ့ကောင်မို့လို့ ။ ပြီးတော့ ကျွန်တော့် နေရာကိုလည်း
လိုချင်နေခဲ့တဲ့ ကောင် ။ ကျွန်တော့် အမေကတော့
သေသွားပြီ ။ အဖေကလည်း နောက်မိန်းမကိုပဲ
အာရုံလာတော့ ကျွန်တော့်ပိုင်ဆိုင်ခွင့်တွေကို
ကျွန်တော် ကိုယ်တိုင်ပဲ ထိန်းသိမ်းရတာပေါ့ ။

YOU ARE READING
LEWD DESIRE || YM° [completed]
FanficMIN YOONGI × PARK JIMIN YoonMin Smut WARN , 18+ 4 March 2020 to 12 August 2023