2 ||

4.1K 478 46
                                    

[ Zawgyi ]

ခေါင်းထဲက တဆစ်ဆစ်ထိုးကိုက်မှု့ကြောင့်
ယွန်းဂီနိုးလာခဲ့သည် ။ နားထင်နှစ်ဖက်ကိုလက်
နှင့်ခေါင်းကိုက်တာ သက်သာအောင်
လက်ဖြင့်ဖိထားရသည် ။ လက်နှစ်ဖက်ဖြင့် ကု
တင်ကိုထောက်ကာ အားပြုပြီးထလိုက်ရင်း
ညက ကိစ္စတွေက ရှင်းရှင်းလင်းလင်း ခေါင်း
ထဲပြန်ဝင်လာခဲ့ပြီး မင်ယွန်ဂီ၏ ဒေါသတို့က
ထိန်းချုပ်၍မရတော့ပေ ။ သူ့ကိုလိမ်သည် ။
သူ့ဘ၀မှာအမုန်းဆုံးက အလိမ်ခံရတာကိုပဲ
ထွက်လာမျှဒေါသအစုံဖြင့် ဘေးကစားပွဲပေါ်
ရှိသမျှ ပစ္စည်းတွေကို လက်ဖြင့်ဆောင့်တွန်း
ပစ်လိုက်သဖြင့် ပန်းအိုးများကွဲကြေကာ အ
စိတ်စိတ်အမွှာမွှာဖြစ်သွားတော့သည် ။

" တောက်.. ချီးပဲ ငါ့ကို လိမ်တယ်
မလောက်လေး မလောက်စား ကောင်က
ငါ့ကိုလိမ်တယ်... မင်းသေဖို့သာပြင် "

ယွန်းဂီ ကုတင်ပေါ်ကဖုန်းကို ကောက်ယူ
ပြီး နံပါတ်တစ်ခုသို့ အလျင်အမြန်ပင်ခေါ်
လိုက်သည် ။

" လူခေါ်ပြီး Gusto Kong ကိုလာခဲ့
အခုချက်ချင်း "

ဒေါသတကြီးဖြင့် တစ်ခန်းလုံးကို ပွစာတက်
အောင်သောင်းကြမ်းပစ်ထားသည်မှာ တစ်ခန်း
လုံးလည်း ရစရာမရှိတော့ပေ ။ ဗီရိုထဲက ၀တ်လို့
ရတဲ့ အင်္ကျီတစ်ထည်ကို ကောက်စွပ်ပြီး bar
ကောင်တာသို့ ချက်ချင်းပင် ထွက်လာခဲ့သည် ။

" ကင်မ်မြောင်ဂျူ.. ခင်ဗျားဘယ်မှာလဲ
အခုထွက်လာခဲ့စမ်း "

မနက်ပိုင်းဖြစ်၍ bar အတွင်း လူမရှိဘဲ waiter
တစ်ချို့သာ သန့်ရှင်းရေးလုပ်နေသည် ။ ယွန်းဂီ
က bar အတွင်းရှိသမျှခုံတွေကိုင်ပေါက်ကာ
ကောင်တာ၌အလှပြထားသည့် ၀ိုင်ပုလင်းများ
ကိုအကုန် ရိုက်ခွဲပစ်ပြီးပြီဖြစ်သည် ။ ယွန်းဂီကို
ဘယ်သူမှ ၀င်မတားရဲ ။

" ကင်မ်မြောင်ဂျူ အခုထွက်ခဲ့စမ်း
ခင်ဗျား ထွက်မလာရင် ခင်ဗျားရဲ့ အဆောက်အအုံ
တစ်ခုလုံး မီးရှို့ ပစ်မှာနော် ... ကျုပ်ဘာကောင်
လဲ ခင်ဗျားသိပါတယ် "

မကြာပါ ။ ကလပ်အတွင်း လူဆယ်ယောက်ခန့်
ဝင်လာသည် ။ အကုန်လုံး ယွန်းဂီကို တွေ့သည်
နှင့် ဦးညွှတ်ကာ အရိုအသေ ပေးကြသည် ။ ယွန်
ဂီက မျက်စပစ်ပြကာ....

LEWD DESIRE || YM° [completed]Where stories live. Discover now