13 ||

2.9K 330 40
                                    

[ Zawgyi ]

မနက်ခင်း ဝေလီဝေလင်း ~
ရှု့ခင်းတချို့ကိုသာ ခပ်ရိပ်ရိပ် မြင်နေရပေ
မယ့် ဘယ်ကိုမှ ငေးမကြည့်ဖြစ်ခဲ့ ...
ပုခုံးပေါ် ခေါင်းမှီကာ အိပ်မောကျနေသည့်
ကောင်လေးကိုသာ ခပ်တင်းတင်း ပွေ့ဖက်
ရင်း ကောင်လေးကိုသာ တစိမ့်စိမ့် ကြည့်နေ
မိသည် ။

အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို ရှင်သန်
စေခဲ့တဲ့ ကောင်လေး ။

ဒရိုင်ဘာနေရာယူကာ တိတ်တိတ်ဆိတ်ဆိတ်
ပင် ကားကို ပုံမှန်မောင်းရင်း back mirror
မှတဆင့် အနောက်ကို လှမ်းလှမ်းကြည့်မိသည်

သူ့အတွက် သဘောကျစရာ မြင်ကွင်းလေး
တချိန်တခါက ဆိုးလှပေလှပါသည် ဆိုသည့်
သူ့ညီဟာ အခုချိန်မှာတော့ ကောင်လေးတစ်
ယောက်အတွက် နူးညံ့မှု့တွေကို စတင် ပုံဖော်
နေခဲ့သည်လေ ။....

" သူဋ္ဌေး အများကြီး ပြောင်းလဲသွားတယ်နော် "

" အင်း... ပြောင်းလဲဖို့ ခိုင်လုံတဲ့ အကြောင်းပြ
ချက်တစ်ခု ရှိနေပြီလေ "

သဘောကျစွာ ပြုံးရယ်ရင်း ပြန်ဖြေခဲ့သည် ။
Back mirror တဆင့် မြင်ရသည့် ညီဖြစ်သူ
၏ အပြုံးကို မြင်ရသည်မှာ လွန်ခဲ့သည့် ဆယ့်
ငါးနှစ်ခန့်က အတိုင်းပင် ဖြူစင်လွန်းလှသည် ။

" ကျွန်တော့် အမေကို မြင်စေချင်လိုက်တာ...
အမေချစ်တဲ့ ယွန်းဂီငယ်လေးက အများကြီး
ပြောင်းလဲနေပြီလို့ ပြောပြချင်တာ တကယ် "

" ငါရောပဲ.... "

စကားစကို ဖြတ်လိုက်သည် ။ ဟိုဆော့က
ယွန်းဂီစကားကြောင့် ရုတ်တရက် ရင်ထိတ်
သွားရသည် ။ ယွန်းဂီ ဆက်ပြောမည့်စကား
ကိုသာ စောင့်နေခဲ့သည် ။...

" အွန်မားကို ပြောပြချင်တယ်... တန်ဖိုးရှိ
တဲ့ အရာတွေကို တန်ဖိုး ထားတတ်နေပြီ ဆို
တဲ့ အကြောင်း ၊ ပြီးတော့ ဖုံးကွယ်ထား တဲ့
အမှန်တရား တွေက ရင်နာစရာ ဆိုပေမယ့်
အမှန်တရားကို မွေးဖွားပေးထားတဲ့ အွန်မား
ကို ကျေးဇူးတင်ကြောင်းရော "

ယွန်းဂီစကားတွေက ဘယ်လို အဓိပ္ပာယ်
သက်ရောက်နေခဲ့လဲ ဟိုဆော့ သေချာ မသိ
ပေမယ့် သူ့အတွက် သူ့ညီငယ် ဟာ အရာ
အားလုံးထက် ပိုပြီး တန်ဖိုးထားရလွန်းတာ
ကတော့ အမှန်တရားတစ်ခုပါပဲ...

LEWD DESIRE || YM° [completed]Where stories live. Discover now