[ Zawgyi ]
“ မင်းတို့ နှစ်ယောက်ကြားမှာ
ကိုယ်ဗီလိန် ပီသခဲ့ရဲ့လား “မင်ဂျီဟွန်း ထောင်ကထွက်လာ
ခဲ့တာ ရက်ပိုင်းသာရှိသေးသည်။ပတ်ခ်ဂျီမင်ကတော့ သူ့အပြစ်
ကြောင့်ဆိုတဲ့ စိတ်နဲ့သူ့ဆီကို
အမြဲလာတွေ့နေပုံရသည်။ သူ
ကတော့ ဘယ်တုန်းကမှ ဂျီမင်း
ကိုအပြစ်မတင်ခဲ့ပါ။ ချစ်မြတ်
နိုးတဲ့သူကို ကာကွယ်ပေးနိုင်ခဲ့
တာက သူ့ကိုအချစ်သူရဲကောင်း
ကြီးလို ခံစားမိစေပေမယ့်လည်း
တချိန်ကတော့ သူဟာ ဂျီမင်းအ
ပေါ်ကို ဘယ်လိုစိတ်မျိုးထားခဲ့
သလဲဆိုတာကိုတော့ မေ့ပျောက်
ပစ်လိုက်လို့ မရပေ။သူ့အမေးကို မျက်လုံးအဝိုင်းသား
လေးနဲ့ ကြည့်ကာ ပြန်ဖြေဖို့ စဉ်း
စားနေသည့် ဂျီမင်းရဲ့ ပုံရိပ်လေး
က သူ့မျက်လုံးထဲ ချစ်ဖို့ကောင်း
လွန်းနေခဲ့သည်။ မနေနိုင်စွာပင်
ခေါင်းက ဆံပင်တွေကို ခပ်ဖွဖွ
လေး ဆွဲ ဖွာမိတော့သည်။“ မင်းကလေ … တကယ်ကို ချစ်ဖို့
ကောင်းလွန်းတာပဲ ….. မင်းညီက
တော့ ကွာပါ့ ….. အေးတိအေးစက်
နဲ့ … စကားပြောရင်လည်း နားလည်
ရခက်သေးတယ် ““ ကျွန်တော့်ညီက အေးတိအေးစက်
နိုင်ပေမယ့် စိတ်ထားလေးကတော့
နုနုလေးပါ … ““ အင်း … ထောင်ကထွက်လာတည်း
က မတွေ့ဖြစ်တော့ဘူး ...… တစ်ခါ
လောက်တော့ တွေ့ချင်သား ““ ကျွန်တော် ပြောလိုက်ပါ့မယ် … မင်
ဂျီဟွန်းကို လာတွေ့ဖို့ ““ ကိုယ့်မေးခွန်းကို ဖြေပါဦး “
ထိုအခါ တဖန်တိတ်ဆိတ်သွားပြန်
သည့် ဂျီမင်းက ဘာဖြေရမလဲဆို
တာကို သိပုံမရသေး။“ ထားလိုက်ပါတော့ “
“ ဗီလိန်ဖြစ်ခဲ့ပေမယ့် … အရာအား
လုံးထားခဲ့ပြီး တစ်ခုတည်းကိုပဲ ရွေး
ချယ်မယ့် ရူးရူးမိုက်မိုက် ဗီလိန် ဖြစ်
ခဲ့ပေမယ့်လည်း ချစ်ခြင်းမေတ္တာတွေ
ကိုလည်း အလေးထားတဲ့ ဗီလိန်ပါ ““ အာ … အဲ့လိုလား “
“ ဒါပေမယ့် ကျွန်တော့်အတွက်တော့
အကောင်းဆုံးလူပါ “
YOU ARE READING
LEWD DESIRE || YM° [completed]
FanfictionMIN YOONGI × PARK JIMIN YoonMin Smut WARN , 18+ 4 March 2020 to 12 August 2023