20 ||

629 70 17
                                    

[ZAWGYI]

ဂျောင်ဟိုဆော့နှင့် သူအရေးကြီးကိစ္စတစ်ခု
ကြောင့် မကာအိုသို့ သွားရမည်ဖြစ်သည်။
အလောတကြီး သွားရမည်ဖြစ်၍ ဂျီမင်းကို
အကြောင်းသာ လှမ်းကြားနိုင်တော့သည်။

" ကိုယ် ဟျောင်းနဲ့မကာအိုကို ချက်ချင်းသွား
ရမှာမို့လို့ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်
မလိုအပ်လည်း အပြင်တွေ ခဏခဏ မထွက်
နဲ့နော် .... ကိုယ် မင်းကိုခေါ်သွားချင်ပေမယ့်
ရုတ်တရက်မို့လို့ .... သုံးလေး ရက်လောက်
တော့ကြာမယ် "

" ရပါတယ် ... ကျွန်တော် ကိုယ့်ဟာကိုယ် ဂ
ရုစိုက်နိုင်တာမို့လို့ စိတ်ချလက်ချသာ သွား
နော် "

" ကိုယ် မကြာမကြာ ဖုန်းဆက်မယ်နော် ...
ချစ်တယ် ဘေဘီ "

" အများကြီး ချစ်တယ်နော် ကိုကို "

ဖုန်းနှင့် အလွမ်းသယ်ပြီးနောက်တော့ ထိုည
အိမ်ပြန်လျှင် တစ်ယောက်နှင့်တစ်ယောက်
မတွေ့ဖြစ်ကြတော့ပေ။

ယွန်းဂီ အခန်းကထင်တာထက် ပိုစိတ်ကူးယဉ်
ဆန်သေးသည်။ သူ့ရဲ့ ပုံတွေဆိုတာ ယွန်းဂီ အ
လုပ်စားပွဲရဲ့နေရာတိုင်းမှာ တွေ့ရတတ်သည်။
နှစ်ယောက်တွဲပုံ၊ တစ်ယောက်တည်းပုံ၊ တွေ့
တဲ့နေရာ ကောက်ရိုက်ထားတဲ့ပုံတွေအပြင် ဟိုး
အစတည်းက သဘောတကျ သိမ်းထားတဲ့ သူ့
ရဲ့ naked ပုံတွေပင် ရှိသေးသည်။

ယွန်းဂီ သုံးသမျှ ဖုန်း၊ လပ်တော့၊တက်ဘလက်
နှင့် LED screen အတော်တော်များများမှာ ဂျီ
မင်းပုံတွေသာနေရာယူထားသည်။ ညတိုင်းဝင်
လာနေကျ အခန်းဖြစ်ပေမယ့်လည်း ရိုးအီစရာ၊
အသားကျစရာ မရှိ။ အချိန်တိုင်းဟာ အသစ်အ
ဆန်းတွေနဲ့ ပြည့်နှက်နေသလိုသာ ခံစားရသည်။

လင်းလင်းထင်းထင်း သိပ်မကြိုက်လှတော့ အ
ခန်းက ထင်သလောက်တော့ တောက်တောက်
ပပ မရှိ။ သို့ပေမယ့် သေသပ်ပြီး luxury ဆန်
သည်။ ဂျီမင်းသဘောအကျဆုံးကတော့ king
size bed ကြီးကိုပဲ။ ယွန်းဂီအငွေ့အသက် အ
ပြည့်ရှိသည့် ထိုအိပ်ယာက ဂျီမင်းအတွက် နှ
လုံးသားကိုရော သွေးသားကိုရော ကျီစယ် က
လူ နိုင်စွမ်းရှိသည်လေ။

" တစ်ယောက်တည်းက ပျင်းဖို့ကောင်းလိုက်
တာ .... ဂီဂီ နဲ့ပဲစကားသွားပြောတော့မယ် "

LEWD DESIRE || YM° [completed]Where stories live. Discover now