[ Zawgyi ]
ခုနှစ်ရက်မြောက် ~
ယွန်းဂီ ဂျီမင်းဆီ ရောက်မလာခဲ့သည်မှာ
ခုနှစ်ရက်တိုင်တိုင် ရှိခဲ့ပြီ ။ ဟိုဆော့ကတော့
အမြဲလိုလို အိမ်ပြန်နောက်ကျတတ်ပေမယ့်
ယွန်းဂီ အကြောင်းမေးတိုင်း စကားလွှဲကာ
အကြောင်းအမျိုးမျိုးပြတတ်၍ နောက်ပိုင်း
ဟိုဆော့ကို ယွန်းဂီနဲ့ ပတ်သတ်ပြီး ဂျီမင်း
ဘာမှ မမေးဖြစ်တော့ပေ ။ ဟိုဆော့က
လုပ်စရာရှိတာ ပဲ အမြဲလုပ်တတ်ပြီး ဂျီမင်း
နဲ့အတူ စကားပြောပေးဖို့ အချိန်သိပ်မရှိပေ
မနက်မိုးလင်းတာနဲ့ ချက်ပြုတ်ပြင်ဆင်ပြီး
ရုံးသွားချိန်မှ ဂျီမင်းက နိုးတတ်သည် ။
ဂျီမင်း နိုးချိန် ဟိုဆော့ မရှိတော့ ။ ပြင်ပေး
သည့် မနက်စာကိုသာ စားရင်း တစ်နေကုန်
ကြောင်တစ်ကောင်နှင့်သာ အပျင်းဖြေနေ
ရသည် ။ညဘက်တွေရောက်တိုင်း ကြောင်လေးကို
ပွေ့ပြီး အခန်းအပြင်ဘက်က ၀ရန်တာမှာ
ထွက်ထိုင်တတ်သည်မှာ လည်း ဂျီမင်း အ
တွက် အကျင့်တစ်ခုလို ဖြစ်နေခဲ့သည် ။ဒီနေ့ညလည်း အိမ်ပြန်နောက်ကျတတ်သော
ဟိုဆော့ကို စောင့်မနေတော့ပဲ ရှိတဲ့ ခေါက်ဆွဲ
တစ်ထုပ်ပြုတ်ပြီးသာ စားလိုက်တော့သည် ။
ကြောင်စာကလည်း အနည်းငယ်သာ ကျန်
တော့သဖြင့် ရှိတဲ့ ကြောင်စာတွေကို ပုလင်း
ထဲက ထုတ်ပြီး ဂီဂီကို ချကြွေးလိုက်သည် ။" ဒီနေ့တော့ နည်းနည်းပဲ စားခိုင်းရတာ
Sorry ပါ ဂီဂီ... မင်းအတွက် မနက်ဖြန်
အစာ ၀ယ်ပေးပါ့မယ် "အစာစားနေသော ဂီဂီကို ပွတ်ပေးရင်း
ဂျီမင်းပြောလိုက်သည် ။ ထို့နောက် သက်
ပြင်းတစ်ချက်ချကာ..." ဒီညလည်း သူ့ကို မျှော်နေရအုန်းမှာပေါ့
သူလာမယ် ထင်လား ? ဂီဂီ.... "ပြောရင်း တစ်ချက်ရယ်လိုက်သည် ။
အစားကုန်အောင်စားပြီးသော ဂီဂီကို
ပွေ့ချီရင်း ၀ရန်တာကို ထွက်လာခဲ့သည် ။
ခုံတန်းလေးမှာ ထိုင်ရင်း ဂီဂီကို ပေါင်ပေါ်
တင်ပြီး ခေါင်းလေးကို ပွတ်ပေးတော့ ဗိုက်
ဝသွားပြီဖြစ်သော ဂီဂီက မှိန်းနေသည် ။
ဂျီမင်း ကောင်းကင်ကို မော့ကြည့်ရင်း....
YOU ARE READING
LEWD DESIRE || YM° [completed]
FanfictionMIN YOONGI × PARK JIMIN YoonMin Smut WARN , 18+ 4 March 2020 to 12 August 2023