[ Zawgyi ]
မနက်အစောကြီး ခရီးသွားရမည် ဖြစ်၍ ဂျီမင်း
လိုအပ်သည်များကို ပြင်ဆင် ထုတ်ပိုးနေခဲ့သည် ။
ဂျီမင်းနည်းတူ ယွန်းဂီလည်း နိုးနေခဲ့သည် ။" ဂျီမင်း အနွေးထည်တွေ ထည့်ပြီးပြီလား
Loafer မစီးနဲ့နော် ခြေထောက်တွေ အေးမယ်
sneaker ပဲထည့်သွား ... ပြီးတော့ ရေဘူးလဲ
မမေ့နဲ့ ... "သွားမည့် ဂျီမင်းကို ဟိုဟာမမေ့နဲ့ ဒီဟာမမေ့နဲ့
လို့သာ ပြောနေတာ သူကိုယ်တိုင်က ဘာမှ မ
ကျန်ခဲ့စေဖို့ တစ်ခုချင်း စီစစ်နေသည် ။ ဂ်ျီမင်း
ကတော့ ကြည့်ရင်း အူတယားယား ဖြစ်နေရ
သည်သာ ။" ဂျီမင်း ဟိုရောက်တာနဲ့ ဖုန်းဆက်နော် ...
ကိုက တကယ်ဆို မင်းအတွက် hotel booking
လုပ်ထားမလို့ ၊ သင်တန်းက စီစဉ်ပြီးပြီဆိုလို့
ကို လုံးဝ စိတ်မချနိုင်ဘူး "" ဒါဆို ယွန်းဂီလိုက်ခဲ့လေ "
" လိုက်ချင်တာပေါ့ စိတ်မချလွန်းလို့ကို လိုက်ချင်
တာ ... ဒါပေမယ့် ကို ပဲရစ်ကို မသွားလို့ မဖြစ်လို့
လေ .... နှစ်ရက်ပဲကြာမှာ ရောက်တာနဲ့ ချက်ချင်း
လိုက်လာခဲ့မယ် ... ဟုတ်ပြီလား "သက်ပြင်းရှည်ကြီး ချရင်းပြောလာသော ယွန်းဂီ
မှာ ဂျီမင်းနဲ့ မခွဲချင်သော အရိပ်အယောင်သာ ပြည့်
နေခဲ့သည် ။" ယွန်းဂီ နဲ့ ခဏလေးတောင် မခွဲချင်ဘူး ... "
" ကိုလည်း မင်းနဲ့ တစ်စက္ကန့်တောင် မခွဲနိုင်ဘူး
ဂျီမင်း ..."အထုတ်အပိုးပြင်ပေးပြီးသည်နှင့် ဂျီမင်းကို သင်
တန်းကို ကားမောင်းပို့ပေးခဲ့သည် ။ ကောင်လေး
အထဲဝင်သွားသည်ကို အချိန်အတော်ကြာသည်
အထိ ကားပေါ်ကနေ ကြည့်နေခဲ့သည် ။" ကိုတို့ အမြန်ပြန်တွေ့ရဖို့ မျှော်လင့်တယ် "
L D ....
ဂျယ်ဂျူဒို ....
အရင်တုန်းက ထယ်ယောင်းနဲ့ ခဏခဏ ရောက်
နေကျနေရာ ။ မင်ယွန်ဂီနဲ့ အတူ လာဖို့ ရည်စူးထား
တဲ့ နေရာ ။ အခုတော့ တစ်ယောက်တည်း ငူငူငိုင်
ငိုင်လေး ဖြစ်လို့ ။မနက်ဖြန် မနက်ပိုင်းမှာ ပြိုင်ပွဲရှိတာကြောင့် ညဘက်
စောစော အိပ်ယာဝင်ဖို့ ကြိုးစားလိုက်သည် ။ သို့ပေ
မယ့် သူအိပ်မပျော်နိုင်သေး ။ hotel အနောက်ဘက်
အခြမ်းမှ ရေကူးကန်အား မျက်စိကျနေသည် ။ စိတ်
လန်းဆန်းသွားအောင် ရေကူးလိုက်ချင်သည် ။
YOU ARE READING
LEWD DESIRE || YM° [completed]
FanfictionMIN YOONGI × PARK JIMIN YoonMin Smut WARN , 18+ 4 March 2020 to 12 August 2023