[ Zawgyi ]
Flash back <<
လွန်ခဲ့သော ဆယ်နှစ်
ဂျီမင်းဟာ လူမှန်းသိတတ်စအရွယ်တည်း
က ပထွေးတစ်ပိုင်းနီးပါး ဖြစ်နေသည့် ဦး
လေးတော်စပ်နေနှင့်အတူ နေခဲ့ရခြင်းဖြစ်
သည် ။ ကျောင်းထားပေးသည် စောင့်ရှောက်
ပေးနေသည်ဟူသော နာမည်ကို ဗန်းပြကာ
ဆယ်နှစ်သာ ရှိသေးသော ကလေးအား အ
မျိုးမျိုး အဖုံဖုံ ပညာပြကာ နည်းမျိုးစုံ နှင့်
နှိပ်စက်ခဲ့သည် ။ဂျီမင်း အတွက်တော့ ထိုသို့သော ဦးလေးနှင့်
နေခဲ့ရသည်မှာ နေ့စဉ်ရက်စက် ငရဲကျသည့်
အလား ။ သို့ပေမယ့် သူဟာ မိဘမဲ့တစ်ဦးဖြစ်
ပြီး ဒီဦးလေးအပြင် သူ့မှာ ဆွေမျိုးသားချင်း
ဟူ၍ တစ်ယောက်မျှပင် သူမတွေ့ဖူး ။သူ့ဦးလေးဖြစ်သူပြောနေကျ * မင်းကိုငါက
မစောင့်ရှောက်ရင် မင်းလည်း မင်းအဖေအမေ
နဲ့အတူ သေသွားလောက်ပြီ * ။ ထိုစကားဟာ
နေ့စဉ်ရက်စက် ကြားခဲ့ရသည့် စကားတွေပေါ့
အရွယ်နဲ့ မလိုက်တဲ့ စိတ်ခံစားချက်တွေ ၊ ပူပင်
မှု့တွေနဲ့ မူးလာတိုင်း လူစိတ်မရှိအောင် ရိုက်
နှက်ညှင်းပန်းတတ်သည့် ဦးလေးဆိုသည့်လူ
ရဲ့ ဒဏ်တွေကို ခံခဲ့သည် ။ဂျီမင်းဟာ အတော်လေး သည်းခံခဲ့ပါသည် ။
ကျောင်းသွားတိုင်း တခြားကလေးတွေလို
အ၀တ်အစား ၊ အစားအသောက် ၊ အသုံးအ
ဆောင်ကအစ တန်းတူဆိုတာကို ဂျီမင်းမ
သုံးခဲ့ဖူး ။ သူငယ်ချင်းဆိုတာလည်း သူ့မှာ
မရှိခဲ့ဘူး ။အချိန်အတော်ကြာတဲ့အထိ ဂျီမင်းဟာ ဦး
လေးဖြစ်သူရဲ့ ဒဏ်ကို ခံခဲ့ရရင်း...." ဂျီမင်း... မင်းအမေ နဲ့ အဖေ က မင်းကို
စောင့်နေတယ်... ခေါ်ရင် သွားမှာလား "" သွားမှာပေါ့... ဒါပေမယ့် သားမှ ဖေဖေနဲ့
မေမေကို မတွေ့ဖူးတာ "ဦးလေးဖြစ်သူပြောသောစကားကို ဆယ်နှစ်
စွန်းစွန်းသာရှိသေးသော ဂ်ျီမင်းက ပေါ့ပေါ့
ပါးပါး ပြန်ဖြေခဲ့သည် ။ ဦးလေးဖြစ်သူ ရဲ့
ကောက်ကျစ်မှု့ကို သူမသိခဲ့ ။" ဒါဆို ဦးက ပို့ပေးရမလား "
" တကယ်လား? "
YOU ARE READING
LEWD DESIRE || YM° [completed]
FanfictionMIN YOONGI × PARK JIMIN YoonMin Smut WARN , 18+ 4 March 2020 to 12 August 2023