1 ||

5.3K 520 34
                                    

[ Zawgyi ]

အုပ်မှိုင်းနေသော မိုးကောင်းကင်က ညနေငါးနာရီ
အချိန်ကို ပိုမိုရင့်ရော်စေသည် ။ မိုးကလည်း တဖျောက်
ဖျောက်နှင့် ငြီးငြူစရာ ညနေခင်းရဲ့ အလှကို ကော်ဖီ
တစ်ခွက်ကိုင်ကာ ခံစားနေမိသော ပက်ခ်ဂျီမင်သည်
ဆွယ်တာ အညိုရောင်နှင့် jean ဒူးပြဲကို ကျကျနန
ဝတ်ဆင်ထားသည် ။ဤတိုက်ခန်းတွင် သူငယ်ချင်း
ဖြစ်သူ ထယ်ဟျောင်းနှင့် အတူနေဖြစ်သည်မှာ
တက္ကသိုလ် ပထမနှစ်တည်းကပင် ။

" ဂျီမင် "

" အင်း..... "

" ဒီည ဂွင်က အတော်ကြီးတယ်... မင်းသတိထား
မှဖြစ်မှာနော် ။ ဒီတစ်ဂွင်သာ ပိုင်ရင် ငါတို့ ငါးလလောက်
အေးဆေး ထိုင်ဖြုန်းလို့ရတယ် "

ထယ်ဟျောင်းပြောသော စကားများကို နားထောင်ရင်း
စိတ်ပျက်လက်ပျက် သက်ပြင်းတစ်ချက်ချမိသည် ။

" အင်း... အမြဲလုပ်နေကျပဲလေ... အဆန်းမှ မဟုတ်
တာကွာ "

"မဟုတ်သေးဘူး.. ဒီတစ်ယောက်က လုံးဝ ဒိတ်ဒိတ်
ကြဲ... ဒီမှာ သူ့ အချက်အလက် "

စားပွဲပေါ်ပစ်တင်ပေးလိုက်သော ဖိုင်ထဲမှ ကိုယ်ရေး
ရာဇ၀င်တချို့နှင့် ဓာတ်ပုံ တချို့ကို ဂျီမင်း ထုတ်ကြည့်
လိုက်သည် ။ ' မင်ယွန်ဂီ ၊ ဒယ့်ဂူသား ၊ အသက် 26 ....
.....' ။

" ဒီတစ်ယောက်က အတော်ကြည့်ကောင်းတာပဲ
ပြီးတော့ သူက တော်တော်ချမ်းသာတယ် ၊
ကင်မ်မြောင်ဂျူရဲ့ အဆက်အသွယ်လား? "

" ဟုတ်တယ် ၊ သုံးပုံ တစ်ပုံ တဲ့ ။ "

ဂျီမင်း ခေါင်းတညှိတ်ညှတ် ဖြင့် ဓာတ်ပုံကိုသာ
မလွှတ်တမ်းစိုက်ကြည့်နေမိသည် ။ အသားဖြူ
ပြီး ဓာတ်ပုံထဲက ကြည့်ရုံနှင့်ပင် မိန်းကလေးတိုင်း
သဘောကျမည့် ယောက်ျားမျိုး ။

" သနားစရာပဲ... "

ဂျီမင်း နှုတ်မှ ခပ်တိုးတိုး ဆိုလိုက်သည် ။

" ဒါနဲ့ ထယ်ဟျောင်း ဒီပွဲပြီးရင် ငါတို့ ဂျယ်ဂျူဒိုကို
သွားရအောင် ၊ ကျောင်းလဲ ပိတ်တာနဲ့ .... "

" အေး... သွားလေ
အခုငါ ရေသွားချိုးလိုက်ဦးမယ် "

ထယ်ဟျောင်းက ပြောပြီး ရေချိုးရန်ရေချိုးခန်းထဲ
ဝင်သွားသည် ။ ဂျီမင်းကတော့ သောက်လက်စ
ကော်ဖီခွက်ကို ကိုင်ကာ အပြင်ဘက်ကိုငေးရင်း
ကျန်ခဲ့သည် ။ တကယ်တမ်းတွေးကြည့်တော့
သူ့အလုပ်ကခက်ခဲသည် ။ တစ်ခါပတ်သက်ဖူး
ပြီးရင် နောက်တစ်ကြိမ် ပြန်ပတ်သက်ဖို့မလွယ်
နုံနုံအအ သူဋ္ဌေးတွေဆီကို တစ်ည အလည်သွား
မယ် ။ ခဏတာ သူတို့အလိုကိုလိုက်သည် ။ ပြီးရင်
အိပ်ဆေးခပ်ထားတဲ့ အရက်ကို နှစ်ပတ်လောက်
တိုက်ပြီးရင် ပြီးပြီဆိုပေမယ့် နောက်ပိုင်း ဒီလူတွေ
ကိုပြန်တွေ့ရင်တော့ အမြဲရှောင်တိမ်းနေရသည် ။
တခါတခါလည်း အထောင်းခံရသေးသည် ။ သို့ပေ
မယ့် တစ်ကြိမ်တစ်ခါလိမ်ပြီးရင် နှစ်လလောက်
အေးဆေးနှပ်ပြီး နေလို့ရသည် ။

LEWD DESIRE || YM° [completed]Where stories live. Discover now