9 ||

3.9K 451 84
                                    

[ zawgyi ]

ယွန်းဂီအနား ဂျီမင်း မကပ်သည်မှာ တစ်
ပတ်နီးနီးရှိခဲ့ပြီဖြစ်သည် ။ ယွန်းဂီရောက်
လာတိုင်း အခန်းတံခါး လော့ခ် ချကာ
ယွန်းဂီကိုလည်း အထဲပေးမ၀င်ခဲ့.... 

တီဗီကြည့်ရင်း ယွန်းဂီရောက်လာလျှင်
တီဗီကို ပိတ်ကာ ဂီဂီကို ပွေ့ပြီး အခန်း
ထဲ ၀င်သွားသည် ။ ယွန်းဂီ ဘယ်ချိန်
ရောက်လာလာ ယွန်းဂီကို လုံးဝ မျက်
နှာချင်း မဆိုင် ။ ယွန်းဂီလည်း သူ့အ
ပြစ်နှင့်သူ ဖြစ်နေ၍ ကောင်လေးကို
လွှတ်ထားပေးလိုက်သည် ။

အစပိုင်းက ယွန်းဂီ ဒီအတိုင်း လွှတ်ထား
ပေးပေမယ့် နောက်ပိုင်း သူမနေနိုင် ။
ကျောင်းပြန်ဖွင့်ပြီဖြစ်၍ ဂျီမင်း ကျောင်း
တက်မည့် ကိစ္စတွေကို ဟိုဆော့ အစအ
ဆုံး လုပ်ပေးပြီးသွားပေမယ့် ကျောင်း
တက်ဖို့ကိုလည်း ငြင်းဆန်နေခဲ့ပြန်
သည် ။ ဟိုဆော့ကိုလည်း အတွေ့မခံ

သူ့အတ္တကို ရှေ့တန်းတင်ခဲ့မိလို့ ကောင်
လေးဒီလို ဖြစ်ရတာဟုပင် ကိုယ့်ကိုကိုယ်
အပြစ်တင်မိတော့သည် ။

..................

skip <<

ထိုနေ့မနက်... 
ဂျီမင်းကို ၀ုန်းဒိုင်းကြဲပြီး ကုမ္ပဏီရောက်လျင်
လည်း ဟိုဆော့အား သောင်းကျန်းရန် စိတ်
ကို တင်းထားသည် ။ နှစ်ယောက်ပေါင်းပြီး
အလိမ်ခံလိုက်ရ၍ အခဲမကျေဖြစ်ကာ မ
ကာအိုကနေ ညတွင်းချင်းပြန်ရောက်လာ
ခဲ့ပြီး စိတ်ထဲ ပေါက်ကွဲသမျှ ဂျီမင်း အပေါ်
အပြစ်ပုံချကာ ထင်တိုင်းကြဲခဲ့ပြီး ဖြစ်သည်

ယွန်းဂီရောက်တော့ ဟိုဆော့က ထုံးစံအ
တိုင်း လုပ်လက်စအလုပ်တွေကို သာ လုပ်
နေသည် ။ ယွန်းဂီကို မြင်တော့ မမှုန်မသုန်
မျက်နှာကြောင့် ဟိုဆော့ စိတ်ထဲ အနည်း
ငယ် ထင့်မိသည် ။

" သူဋ္ဌေး.. နေမကောင်းဘူးလား "

ဖုန်းထုတ်ကာ ဟိုဆော့ရှေ့ပစ်ချပေးလိုက်
သည် ။ ထို့နောက် ဟိုဆော့ကို စိုက်ကြည့်
လျက်... 

" မင်းမှာ ဆင်ခြေရှိလား "

ဟိုဆော့က ဖုန်းကိုလှမ်းယူကာ ပြသော ပုံ
ကိုကြည့်သည် ။ ထို့နောက် ဟက်ခနဲ တစ်
ချက် ရယ်ကာ ယွန်းဂီကို မော့ကြည့်ပြီး.... 

LEWD DESIRE || YM° [completed]Where stories live. Discover now