[ Zawgyi ]
အပြင်ဘက်က မိုးရွာနေ၍ ဂျီမင်းအပြင်
ထွက်မထိုင်ဖြစ်ခဲ့ ။ ဆွယ်တာပါးကိုသာ
Pant အတိုနှင့်တွဲဝတ်ထားပြီး တီဗီ က
လာနေသော ဟိုဟိုဒီဒီများကိုသာ စိတ်မ
ပါစွာကြည့်နေခဲ့သည် ။ နာရီ လှမ်းကြည့်
မိတော့ ဆယ့်နှစ်နာရီ ထိုးခံနီးပြီဖြစ်သည်" ဖုန်းလည်းမဆက်ဘူး... ပြန်မလာဖြစ်
ဘူးထင်တယ် "ဟိုဆော့က ပုံမှန်ဆို သူပြန်မလာဖြစ်တဲ့
ညတွေဆို ဂျီမင်းကိုလှမ်းပြီး ဖုန်းဆက်
အကြောင်းကြားလေ့ရှိပေမယ့် ဒီညတော့
ဂျီမင်းဆီကို ဖုန်းမဆက်ရန် ယွန်းဂီက
ပြောထား၍ ဖုန်းမဆက်ဖြစ်ခဲ့ ။ဂျီမင်း၏ လက်ပေါ်မှာ အိပ်ပျော်နေသော
ဂီဂီကို couch ပေါ်ညင်ညင်သာသာလေး
ချပေးပြီး သူလည်း အိပ်ယာဝင်ရန် ပြင်လိုက်
သည် ။ အခန်းတံခါးဝမှ ကုဒ်နံပါတ် ရိုက်သံ
နှင့် တံခါးဖွင့်သံကြား၍ ဟိုဆော့ပြန်လာသည်
ဟုပင်သူထင်မိသည် ။ သို့ပေမယ့် သူထင်
သလို ဟိုဆော့မဟုတ်ပဲ မမျှော်လင့်ထား
သည့် ယွန်းဂီ ဖြစ်နေခဲ့သည် ။" ဟင်... ယွန်းဂီ ! ဘယ်လို ဖြစ်ပြီး ချက်
ချင်းပြန်လာတာလဲ ? "ဂျီမင်းက ယွန်းဂီရောက်လာ၍ ၀မ်းသာ
အားရ ဖြစ်နေပေမယ့် ယွန်းဂီကတော့
ဂျီမင်းကို ဂရုမစိုက်ပဲ အခန်းထဲ ၀င်သွား
သည် ။ ဂျီမင်းလည်း အခန်းထဲ လိုက်
ဝင်သွားသည် ။" ယွန်းဂီ... "
ဂျီမင်းက အပေါ်အ၀တ်ချွတ်ကာ အိတ်
ထဲမှတစ်စုံတစ်ခုကို ရှာနေသော ယွန်းဂီ
နားသွားထိုင်ရင်း ယွန်းဂီ ပုခုံးပေါ် လက်
တင်လိုက်ပေမယ့် ယွန်းဂီက ဂျီမင်းလက်
ကိုပြန်ပုတ်ထုတ်လိုက်သည် ။ ဂျီမင်း စိတ်
ထဲ ချက်ချင်းဆိုသလို ၀မ်းနည်းသွားရပြီး
အကြောင်းအရင်း မသိသေး၍ ယွန်းဂီ စ
ကားပြောလာမည့် အချိန်ကိုသာ စောင့်နေ
သည် ။ယွန်းဂီ၏ အိတ်ထဲက ဖဲကြိုးခွေ တစ်ခုကို
ထုတ်လိုက်သည် ကို ဂျီမင်းမြင်လိုက်သည်" ယွန်းဂီ.. အဲ့တာ ဘာလုပ်မလို့လဲ "
" မင်း ပါးစပ် ပိတ်ထား "
ယွန်းဂီဆီက ခပ်မာမာလေသံဖြင့် တုံ့ပြန်ခြင်း
ခံလိုက်ရတော့ ဂျီမင်း မျက်လုံးထဲ မျက်ရည်
စတွေက ချက်ချင်းဆိုသလို ၀ဲတက်လာခဲ့
သည် ။
YOU ARE READING
LEWD DESIRE || YM° [completed]
FanficMIN YOONGI × PARK JIMIN YoonMin Smut WARN , 18+ 4 March 2020 to 12 August 2023