17 ||

2.4K 235 46
                                    

[ Zawgyi ]

မနက်အစောဆုံး flight နဲ့ပြန်ဖို့ စီစဉ်နေတဲ့
ကောင်လေးကို တစ်နည်းနည်းနဲ့ သူတားဖို့
လိုနေသည် ။ အကြောင်းကတော့ ထွေရယ်
ထူးရယ် ရှိနေခြင်း မဟုတ်ပေမယ့် သူနဲ့ အတူ
တူပြန်စေလိုခြင်းသာ ......

" ဂျီမင်း "

ကောင်လေးအခန်းတံခါးကို ခပ်ဖွဖွ ခေါက်ရင်း
ခေါ်တော့ အဆင်သင့်ပင် ဖြစ်နေပုံရသောကောင်
လေးက ချက်ချင်း တံခါးလာဖွင့်သည် ။

" ဘာကိစ္စများ ရှိလို့လဲ "

" ပြန်ဖို့ အကုန်အဆင်သင့် ဖြစ်နေပြီပဲ ...
တစ်ရက်လေးတောင် မစောင့်တော့ဘူးလားကွာ "

သူပြောတော့ ကောင်လေးက ပြုံးသည် ။ တကယ်
ကို လှတဲ့အပြုံးပါပဲ ။

" ကျွန်တော့်မှာ ကိစ္စလေး ရှိနေလို့ပါ ... "

" တကယ်တော့ ကိုလည်း ဒီနေ့ ပြန်မှာ ... ကိုယ့်
flight နဲ့ လိုက်ပြန်ပါလား ။ ညနေလောက် ပြန်
ဖြစ်မှာ ... အဲ့တာဆို မင်းလည်း သက်သာတာပေါ့
ကိုလည်း မပျင်းရတော့ဘူး "

ပြောပြီးမှ နေရခက်လာတဲ့ အခြေအနေက ဘယ်
လို ခံစားချက်မျိုးလဲဆိုတာကို မင်ဂျီဟွန်း ကိုယ်
တိုင်ပင် မသိတော့ပေ ။

" ရုတ်တရက်ကြီးပါလား ? ညကျရင် ပါတီရှိတယ်
ဆို ... ပါတီက ဘယ်လိုလုပ်မှာလဲ ? "

" ပါတီက အလုပ်ကိစ္စလောက်မှ အရေးမကြီးတာ
ကိစ္စမရှိပါဘူး "

" ဒါဆိုလည်း ကျွန်တော် မငြင်းတော့ပါဘူး ... 
ကျွန်တော်လည်း အကုန်အကျ သက်သာသွားတာ
ပေါ့ဗျာ ... ကျေးဇူးတင်ပါတယ် "

တရိုတသေ ပြောဆို ဆက်ဆံနေပုံက အနည်းငယ်
နေရခက်စေပေမယ့် ထိုကောင်လေး မို့လို့ ပိုပြီးကို
နေရခက်နေခဲ့လေသည် ။

" ကို့ကို ရင်းရင်းနှီးနှီးပဲ ဆက်ဆံပေးလို့ မရဘူး
လား ? နှစ်ယောက်တည်း ရှိတဲ့ အချိန်တွေ ဆို
ရင်ပေါ့ ... တရိုတသေ လုပ်နေတဲ့ ပုံစံတွေက မင်း
နဲ့ သိပ်မလိုက်ဖက်ဘူး "

သူ့စကားကြားတော့ ကောင်လေးက ရယ်ပြန်သည်
ရယ်လည်း ကြည့်ကောင်း ပြုံးလည်း ကြည့်ကောင်း
စိတ်ဆိုး ၊ စိတ်ကောက် ၊ ဒေါသထွက်လည်း သူ့အ
တွက် ကြည့်ကောင်းနေတာဆိုလို့ ထိုကောင်လေးသာ
ရှိသည် ။

LEWD DESIRE || YM° [completed]Where stories live. Discover now