14 ||

2.4K 296 44
                                    

[ Zawgyi ]

Dance Class နောက်ကျနေပြီ ဖြစ်၍ ဂျီမင်း
ကျောင်းကနေ ခပ်မြန်မြန် သုတ်ခြေတင်ရတော့
သည် ။ မင်ယွန်ဂီရော ဂျောင်ဟိုဆော့ရော အလုပ်
မအားသဖြင့် သူ့ကိုလာကြိုဖို့ မလိုကြောင်း ပြော
ထားပြီးမှ အခု နောက်ကျလေပြီ ။

မှီရာကားပေါ် ပြေးတက်ကာ သုံးမှတ်တိုင်သာ
ဝေးသော သင်တန်းသို့ အမြန်ပြေးရသည် ။ အ
ချိန်မှာ ဆယ်မိနစ်ခန့်ကျော်နေပြီဖြစ်သည် ။

" တောင်းပန်ပါတယ် နည်းနည်းနောက်ကျ "

သူ့စကားစပြတ်သွားသည် ။ ရှေ့မှ မင်ဂျီဟွန်း
ကသူ့ကို ဆီးကြိုနေသလို ဖြစ်နေ၍ ရုတ်တရက်
ကြောင်တောင်တောင် ဖြစ်သွားကာ ထိုနေရာ၌
ပင် ရပ်နေမိသည် ။

" မင်းကို စောင့်နေတာ ... ကဲ အခုပဲ ဆွေးနွေး
ပွဲလေး စကြတာပေါ့ "

သင်တန်းဖော်တွေက လှည့်ကြည့် လှည့်ကြည့်
လုပ်လာသည် ။ သာမာန် ဘာမှမဟုတ်တဲ့ class
သေးသေးလေးကို မင်ဂျီဟွန်းလို ဒိတ်ဒိတ်ကြဲ
producer တစ်ယောက်က လာသည် တဲ့လား ။
ပက်ခ်ဂျီမင် အတွေးတွေ ရောက်ယက် ခတ်ရပြန်
သည် ။

နောက်ဆုံးတန်း ထောင့်နားလေးမှာ နေရာယူလိုက်
သည် ။ မင်ဂျီဟွန်းက သူတွေ့နေကျ ပုံစံမျိုးနဲ့တော့
မတူ ။ ပေါ့ပေါ့ပါးပါး သာဝတ်ထားပြီး ပြုံးရင် မင်ယွန်
ဂီ အတော်လေး တူနေသည် ။

မင်ဂျီဟွန်းမှာ သွားစွယ်ပါ၍ ရယ်လိုက်ရင် လူတိုင်း
ရူးလောက်စရာ အပြုံးကို ပိုင်ဆိုင်ထားသူ ဆိုလည်း
မမှားပေ ။

" သိတဲ့အတိုင်း ကျွန်တော်က အသေးစား dance
battle လေးလုပ်မယ်လို့ ကြေညာထားဖူးပါတယ်
အဓိက ကတော့ မင်းတို့ရဲ့ အက တွေကို စမ်းသပ်
ချင်တာပေါ့ ... winner တစ်ယောက်ကို ရွေးချယ်ပြီး
ကျွန်တော့်ရဲ့ 9live studio ကနေပြီး official
choreographer အနေနဲ့ရော solo dancer
တစ်ယောက် အနေနဲ့ပါ debut ပေးမှာ ဖြစ်ပါတယ် "

သူ့စကားအဆုံးမှာ လှမ်းကြည့်မိတဲ့ ကောင်လေးရဲ့
မျက်နှာလေး ၀မ်းသာသွားပုံကို သူတွေ့လိုက်သည် ။

" အသေးစား dance battle ဆိုပေမယ့် မင်းတို့
အတွက် ကြီးမားတဲ့ အခွင့်အရေး ဖြစ်လာမှာပါ ...
9live ရဲ့ class branch တွေက 19 ခုရှိတာ
မို့လို့ branch တစ်ခုချင်းဆီက လူနှစ်ယောက်ကို
ပဲ ရွေးချယ်မှာပါ ... နောက်နှစ်ရက်နေရင် ဂျယ်ဂျူ
ဒိုမှာ ကျင်းပမယ့် ပွဲလေးတစ်ခုရှိပါတယ် ... အဲ့ပွဲ
ကို audition အောင်တဲ့ လူနှစ်ယောက်ပဲ လိုက်
ပါခွင့်ရှိမှာပါ  ... Good luck guys "

LEWD DESIRE || YM° [completed]Where stories live. Discover now