4 ||

4K 469 33
                                    

[ Zawgyi ]

Skip to previous <<

လေဆိပ်ကနေ ဂျောင်ဂု အိမ်ကိုခေါ်လာ
တဲ့လမ်းတစ်လျှောက်လုံး ထယ်ဟျောင်း
ဟာ ဂျောင်ဂုပခုံးပေါ်မှာ မှီရင်း လိုက်ပါ
လာခဲ့သည် ။ အိမ်သို့ရောက်ပြန်တော့
လည်း ဂျောင်ဂုကိုယ်တိုင် ထယ်ဟျောင်း
ကိုပွေ့ချီပြီး သူ့အခန်းထဲ ခေါ်သွားခဲ့
သည် ။ ထယ်ဟျောင်းကို သူ့အိပ်ယာ
ပေါ်သာ အိပ်စေပြီး သူကိုယ်တိုင်ကလည်း
ထယ်ဟျောင်းဘေးမှ တစ်ဖ၀ါးမှ မခွာပဲ
ထယ်ဟျောင်းကိုသာ ကြည့်နေခဲ့သည် ။

" လှလိုက်တာ.. ယောက်ျားလေး ဖြစ်ပြီး
အဲ့လောက်လှရလား... ဟက် "

နှဖူးပေါ်ဝဲကျနေသော ဆံပင်တစ်ချို့ကို
သပ်တင်ပေးပြီး မျက်နှာပေါ်ကအစိတ်
အပိုင်းတိုင်းကို ညှင်သာစွာ လိုက်ထိကြည့်မိ
သည် ။ ထိုသို့ထိကြည့်လိုက်တိုင်း ရင်
ဘတ်ထဲ အမျိုးအမည်မသိသော ခံစားချက်
မျိုးက ၀င်လာသည် ။ လေးကိုင်းလို ကွေး
ညွှတ်နေသော နှုတ်ခမ်းက ဂျောင်ဂု
အကြိုက်ဆုံးအစိတ်အပိုင်းပေါ့ ။ နှုတ်ခမ်း
အောက်က မှည့်နက်နက် ၊ ပြီးတော့
နှာတံအောက်က မှည့် ၊....

အရာအားလုံးပြီးပြည့်စုံအောင်လှပနေသော
ထယ်ဟျောင်းကို ဂျောင်ဂု ပိုင်ဆိုင်လိုစိတ်
ပျင်းပျလာခဲ့သည် ၊ စိတ်ဆန္ဒအရ သာဆို
သည်လိုမျိုး သူနှင့်ဆက်ဆံရမည့် ပါတနာ
တစ်ယောက်ကို နူးနူးညံ့ညံ့ဆက်ဆံသည်
ဆိုတာ ဂျောင်ဂုရာဇ၀င်၌မရှိခဲ့ ။ အခုတော့
ထယ်ဟျောင်းက ဂျောင်ဂုရာဇ၀င်ကို ချိုး
ခဲ့တဲ့ ပထမဆုံးသူပဲ ။

" ကိုယ်မင်းကို ဘယ်လိုနည်းနဲ့များ နာကျင်
အောင် လုပ်ရက်နိုင်ပါ့မလဲကွာ... မင်းသာ
ကိုယ့်စကားနားထောင်ပါစေပဲ ဆုတောင်း
ရတော့မယ်.... မင်းကို ကိုယ်ပိုင်ချင်တယ် "

ခေါင်းထဲ ရှိန်းခနဲ ကြိမ်းခနဲ ဖြစ်လာတိုင်း
တစ်စုံတစ်ယောက်က ခေါင်းကိုတူနဲ့ထု
နေတာခံရသမျိုး ထယ်ဟျောင်း ခံစား
ရသည် ။ မျက်လုံးတွေ ဖွင့်ဖို့ ကြိုးစားတော့
ဝေေ၀၀ါးဝါး ပတ်ဝန်းကျင်သာ တွေ့ရသည်
သူ့အပေါ်မှ အရိပ်တစ်ခုကိုလည်း သူမြင်
နေသည် ။ လူလား တစ်ခုခုလား မသဲကွဲ
သေး ။ မျက်လုံးနှစ်ဖက်ကို လက်ဖြင့်
ပွတ်လိုက်ပြီး ပတ်ဝန်းကျင်ကို သဲကွဲစွာ
မြင်ရချိန်မှာတော့ ထယ်ဟျောင်းအိပ်နေ
ရမှ ငေါက်ခနဲ ထထိုင်လိုက်မိသည် ။
အရှေ့မှ လူကို အံ့ဩစွာကြည့်၍

LEWD DESIRE || YM° [completed]Where stories live. Discover now