[ Zawgyi ]
အမှောင်ထုချည်းသာ ကြီးစိုးနေပြီး
ညှိစို့စို့ အနံ့စိမ်းတွေထဲကနေရာတိုင်း
ပြန့်ကျဲနေပုံရသည်။ လက်ပြန်ကြိုး
တုပ်လျက်နှင့်ပင် ရှိနေသေးသည့် သူ
ဟာ ဘယ်နေရာ ဘယ်အရပ်ဒေသကို
ရောက်နေ မှန်းလည်းမသိ ဘာတွေဖြစ်
ပျက်သွားခဲ့မှန်းလည်းမသိ၊သူ့မျက်လုံး
တွေဟာလည်း အဝတ်စနှင့် စည်းနှောင်
ခံထားရတာကြောင့် ပတ်ဝန်းကျင်ကို
ဘာဆိုဘာကိုမျှပင် မမြင်ရပေ။ဘာတွေဖြစ်ပျက်သွားခဲ့သလဲဆိုတော့
မနက်က မင်ယွန်းဂီနှင့်သူ စကားများ
ပြီး မင်ဂျီဟွန်းအိမ်မှာ နေဖို့သွားတဲ့လမ်း
မှာ သူ့ကိုအတင်းဖမ်းဆီးလာခဲ့တာလို့
သူထင်သည်။ ဒါဆို ဒါကိုဘယ်သူက
လုပ်တာလဲ။ သူ့ခေါင်းထဲ နှစ်ခါပင်မ
စဉ်းစားလိုက်ရပေ။မကောင်းဆိုးဝါးလိုလူ။ သူ့ကိုတမရား
ကြံလို့ ထောင်ကျ ခဲ့တာတောင် ထောင်
ကနေပြန်ထွက်လာတာနဲ့ သူတန်းလာရှာ
သည်။ ဘယ်လိုတောင် ယုတ်မာလွန်း
လိုက်တဲ့လူလဲ။ဂျီမင်းများများစားစားထပ်မစဉ်းစား
တော့ပဲ လွတ်နိုင်မယ့်နည်းကို ရှာသည်။လက်ပြန်ကြိုးတုပ်လျက် နှင့်ဘေးဘီ
ဟိုဟိုဒီဒီ လျှောက်စမ်းရှာကြည့်တော့
လည်း ဘာကိုမှစမ်းလို့မမိ။ ထိုစဉ် တံ
ခါးဂျက်ဖွင့်သံ ကြားလိုက်ရသည်။ ထို
နောက် သူ့ဆီကို တဖြည်းဖြည်းနှင့်လမ်း
လျှောက်လာသံကို ကြားရသည်။ သူ့အ
နား နီးကပ်လာလေ မနှစ်မြို့စရာအနံ့က
ပိုပိုရလာလေ။ ထိုလူက သူ့အနားပိုပိုနီး
ကပ်လာသည်။ ထို့နောက် သူ့ပေါင်တံ
ကို ခပ်ကြမ်းကြမ်းဖိကိုင်လာသည်။အားနှင့်ရုန်းကန်လိုက်လို့ လွတ်သွားတော့
ရှေ့ကလူက ခပ်ကျယ်ကျယ် အော်ရယ်
သည်။“ ဂျီမင်းလေး …. မင်းဦးလေးကိုတောင်
မင်းက မမှတ်မိတော့ဘူးပေါ့လေ “ထိုသို့ပြောပြီး သူ့မျက်လုံးကို ပိတ်စည်း
ထားတဲ့ အဝတ်စကို ဆွဲဖြည်ပေးသည်။
ထိုအသံကိုရော ထိုမျက်နှာကိုရော သူ
သေလျင်တောင် မေ့မှာမဟုတ်။ ရွံရှာ
လွန်း၍ အသည်းထဲစွဲနေအောင် မှတ်
မိနေသည့် အသံနှင့် မျက်နှာ။
YOU ARE READING
LEWD DESIRE || YM° [completed]
FanfictionMIN YOONGI × PARK JIMIN YoonMin Smut WARN , 18+ 4 March 2020 to 12 August 2023