12 ||

3.2K 376 90
                                    

[ Zawgyi ]

မနက်ခုနှစ်နာရီသာ ရှိသေးပေမယ့် ယွန်းဂီ
ရုံးခန်းထဲ ရောက်နေပြီဖြစ်သည် ။ စားပွဲပေါ်
ကဓာတ်ပုံဘောင်ကို လက်ထဲကျစ်ကျစ်ပါ
အောင်အားနဲ့ဆုပ်ကိုင်ထားပြီး စိတ်ရှုပ်ထွေး
စွာဖြင့် အချိန်အတန်ငယ်ကြာအောင် စိုက်
ကြည့်နေခဲ့သည် ။

" မင်းကရော သိနေခဲ့တာလား "

" ငါက အရူးအလုပ်ခံခဲ့ရတာပေါ့ "

" မင်ဂျီဟွန်းက မယားပါသား ....
မင်းက ရော ?? မင်းကရော ဘာလဲ "

အားပါပါဖြင့် ကိုင်ပေါက်ခြင်း ခံလိုက်ရသည့်
ဓာတ်ပုံမှန်ဘောင်မှာ အစိတ်စိတ်အမွှာမွှာ.... 

ခွမ်းခနဲ မြည်သံနောက် ထိုဓာတ်ပုံကို သူအသဲ
အသန်ပြေးကောက်မိသည် ။ သတိမထားမိပဲ
လက်ထဲစိုက်ဝင်သွားတဲ့ ဖန်စတွေကတော့ သူ့
နှလုံးသား ဒဏ်ရာလောက်နာကျင်စေမယ်မထင် ။

" တောင်းပန်ပါတယ် ....
ကျွန်တော် မယုံနိုင်သေးဘူး .... "

ဓာတ်ပုံကို စားပွဲ အံဆွဲထဲပြန်ထည့်ကာ ရုံးခန်း
ထဲမှ ထွက်လာခဲ့သည် ။ ထွက်နေသော သွေး
တွေ တိတ်စေရန် အနာကပ် ပလာစတာ တချို့
အသုံးပြုခဲ့သည် ။

အိမ်သို့သာ ကားမောင်းပြန်ခဲ့သည် ။ ကောင်
လေးနိုးနေရင် သူ့ကိုရှာနေမည်စိုး၍ ကောင်
လေးမနိုးခင် အိမ်ပြန်ရောက်မှ ဖြစ်မှာ မို့လို့
ကားကို ခပ်ကြမ်းကြမ်း မောင်းလာခဲ့သည် ။

သူရောက်သည့်တိုင် ကောင်လေးက အိပ်နေ
တုန်း ။ ညကသူပေးထားမိသည့် ဒုက္ခက
မသေး ... စောင်ပုံကြား ခွေခွေလေး ကွေး
နေသည့် ကောင်လေးကို ပွေ့ဖက်ပြီး ဘေး
နားမှာ ၀င်အိပ်တော့ အအိပ်ဆတ်သည့်
ကောင်လေးက နိုးလာခဲ့သည် ။  ....

" ယွန်းဂီ .... "

" ခဏလောက် ဒီလိုလေး နေရအောင် "

ကောင်လေး ရင်ခွင်ထဲ သူမျက်နှာအပ်ထား
မိသည် ။ စိတ်တွေ ရှုပ်ထွေးလွန်းနေပေမယ့်
ကောင်လေးရဲ့ ရင်ခွင်သေးသေးလေးက သူ့
ကို တကယ်နွေးထွေး စေသည် ။

" ဘာဖြစ်လို့လဲ ယွန်းဂီ "

မူမမှန်သည့် ပုံစံဖြစ်နေသည့် ယွန်းဂီကို
ဂျီမင်းစိတ်ပူစွာ မေးမိတော့ သူ့ကိုယ်
သေးသေးလေးကို တင်းသည်ထပ်တင်း
အောင် ဖက်ရင်း...  

LEWD DESIRE || YM° [completed]Where stories live. Discover now