[ Zawgyi ]
ပဲရစ်ကနေ နီးရာ flight နဲ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ပေ
မယ့် ထိုကိစ္စကို သေချာ ကိုင်တွယ်မှ ဖြစ်မယ်
ဆိုတာကိုတော့ သူတွေးမိသည် ။ စိတ်လိုက်
မာန်ပါ လုပ်မိရင် ပထမတစ်ခါကလို ဖြစ်သွား
မှာကိုလည်း စိုးရိမ်ရသေး ။ထိုကိစ္စအတွက် အကူအညီတောင်းရန်မှာ သူ့
အတွက် အစ်ကိုဖြစ်သူ ဂျောင်ဟိုဆော့သာ ရှိ
သည် ။ ထို့အတွက်ကြောင့် ဟိုဆော့ကိုသာ
ပဲရစ်လို့ ချက်ချင်းလာဖို့ ခေါ်လိုက်ရသည် ။ချစ်ခြင်းမေတ္တာတစ်ခုကို သူပူပူလောင်လောင်
မရယူချင်ဘူး ။ သူသေလောက်အောင် မုန်းရ
ပါတယ်ဆိုတဲ့ လူက သူ့ဆီက တန်ဖိုးအရှိဆုံး
အရာကို လုယူဖို့ ကြိုးစားပြန်သည် ။သူ့အတွက် ပတ်ခ်ဂျီမင် မရှိလို့ မဖြစ်ဘူး ....
အရာအားလုံး ဆုံးရှုံးသွားရရင်တောင် ထို
ကောင်လေးကိုတော့ လက်မလွှတ်နိုင်ပါ ။ထိုကောင်လေးသည်သာ သူ့အတွက် အရာရာ...
ပူလောင်မှု့တွေက ညလုံးပေါက်သူ့ကို ဒုက္ခ
ပေးသည် ။ ဘီယာ ဗူးခွံတွေသာ ပွပလဲနေသည့်
အခန်းထဲ တစ်စုံတစ်ယောက်ရဲ့ အငွေ့အသက်
လေးတော့ သူလိုချင်မိသား ....L D ......
ယနေ့မနက် ပြိုင်ပွဲတွင် ဂျီမင်း သိပ်ပြီး ရွှင်
ရွှင်လန်းလန်းမရှိ ။ မနေ့က ရေနစ်ထားသည့်
ဒဏ်ကြောင့် သူ့ခန္ဓာကိုယ်တွေ နာကျင် ကိုက်
ခဲနေခဲ့သည် ။ ပြိုင်ပွဲစဉ် တစ်လျှောက်အတွင်း
ဥက္ကဌ မင်ဂျီဟွန်းကို လုံးဝမတွေ့ပေ ။ ....သူလည်း ပြိုင်ပွဲအတွက်သာ စိတ်လှုပ်ရှားနေ
မိ၍ သိပ်ပြီး အာရုံမထားဖြစ်တော့ ။ ပြိုင်ပွဲ
အတွင်း အကောင်းဆုံး သူယှဉ်ပြိုင်ခဲ့ပေမယ့်
ထင်သလောက်တော့ အားမရခဲ့ ။ မနေ့ညက
ဒဏ်တွေက သူ့ကို နှိပ်စက်နေဆဲ ။ ....ပြိုင်ပွဲသာ ပြီးလို့ နေတစ်ဝက်ကျိုးနေပြီ ...
မင်ဂျီဟွန်းက အခုထိ ပေါ်မလာ ။ မနေ့ကအ
တွက် ကျေးဇူးတင်ကြောင်း ပြောချင်လို့ လိုက်
ရှာပေမယ့် လုံးဝ မတွေ့ ။သူလိုက်ရှာနေတုန်း မင်ယွန်ဂီဆီမှ ဖုန်းဝင်လာ
သည် ။ ဂျယ်ဂျူဒို ကိုရောက်တည်းက အဆက်
အသွယ် မလုပ်မိခဲ့ ။ နှစ်ရက်တိတိ တောင် နေ
နိုင်မိသွား၍ ကိုယ့်ကိုယ်ကိုယ် ဂျီမင်း အပြစ်တင်
မိသေးသည် ။
![](https://img.wattpad.com/cover/215625366-288-k506210.jpg)
YOU ARE READING
LEWD DESIRE || YM° [completed]
FanfictionMIN YOONGI × PARK JIMIN YoonMin Smut WARN , 18+ 4 March 2020 to 12 August 2023