စောင့်ရှောက်သူ
"ချန်းယောလ် မင်းပြန်တော့လေ...မိုးချုပ်နေပြီ"
ဂျာကြီးအပြောကြောင့် ဆိုင်မီးဖိုခန်းထဲရှိ တိုင်ကပ်နာရီကိုကြည့်မိသည့်အခါ
ရှစ်နာရီပင်ခွဲရော့မည်။"ဟုတ်..."
သန့်ရှင်းရေးအနည်းငယ်လုပ်၊
ဆိုင်ယူနီဖောင်းကိုလဲလိုက်ပြီးနောက် လွယ်အိတ်ကိုကောက်လွယ်လိုက်သည်။"ဂျာကြီး ကျနော်ပြန်ပြီဗျ..."
"အေးအေး..."
ဂျာကြီးအပြင် အခြားဝန်ထမ်းများကိုလက်ပြနှုတ်ဆက်ပြီးနောက်
ခတ်သွက်သွက်ပင်တိုင်ထဲလှမ်းထွက်လာခဲ့သည်။
ပြန်ဖို့အတွက် မိုးချုပ်နေလေပြီမလား...."ချန်းယောလ်..."
ခတ်စိမ်းစိမ်းခေါ်သံဟာ နားစည်ဝထံတိုးလွင့်လာသည်။
ခေါ်သံလာရာရှာဖွေလိုက်တော့ နီညိုရောင်ကုတ်အင်္ကျီဝမ်းဆက်နှင့်
ဟိုနေကလူ။
ဆိုင်အဝင်ပေါက်၏မျက်စောင်းထိုး
အနေအထားတွင်ရပ်ထားသော ကားကိုမှီလျက်ရှိသည့်သူက ကျနော့်အနားသို့ခတ်အေးအေးလျှောက်လာသည်။"ပြန်မှာမလား....တက်...လိုက်ပို့မယ်"
ထိုလူက ကျနော့်ကိုလိုက်ပို့ဖို့ရန် လာစောင့်နေသည့်သဘောလား။
ဘာအကြောင်းကြောင့်မှ မလိုအပ်ပဲနဲ့။"အော...ဘာလို့....?"
"ဘာလို့ဆိုတော့ ဒီအတိုင်း....ဟို မင်းလက်ကဒဏ်ရာသက်သာလား...?"
တစ်စုံတစ်ခုပြောဖို့ရန်ကြံရွယ်နေသည့်သူက ကျနော့်လက်ဆီအကြည့်
ရောက်လာပြီးနောက် ပြာပြာသလဲမေးသည်။
သူပြောမှ ကျနော့်လက်ကဒဏ်ရာကို သတိရမိပါရဲ့။"အွန်း...နည်းနည်းနာနေသေးပေမဲ့....သက်သာပါတယ်..."
"ဆေးခန်းတစ်ခါ ထပ်သွားဖို့လိုဦးမယ်ထင်တယ်...ဆေးတွေရော
သောက်ရဲ့လား...?"ထိုလူကို နားမလည်နိုင်စွာရှိလှသူက ကျနော်။
သူဘာကြောင့် ကျနော့်ဒဏ်ရာကိုစိတ်ဝင်စားနေသလဲ..."ဟို...ကျနော့်ဒဏ်ရာအကြောင်းမေးမလို့ ဒီမှာလာစောင့်နေတာတော့ မဟုတ်ပါဘူးနော်..."
YOU ARE READING
Guardian(completed)
Romance*Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား *********** *Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား