Zawgyi
စောင့်ရှောက်သူ
"အညော်ဟာဆယ်ယို..."
ရုံးထဲသို့လှမ်းဝင်လာသည့် ချန်းယောလ်ဟာ ပုံမှန်အတိုင်းတစ်ရုံး
ထဲသားများကိုနှုတ်ဆက်ဂါရဝပြုလိုက်သော်လည်း အရာအားလုံးဟာထူးဆန်းနေသယောင်။
ခတ်စောင်းစောင်း အကြည့်များစွာက ချန်းယောလ်လှမ်းလာသည့်လမ်းတစ်လျှောက်လိုက်ပါလာသလို အချို့ရုံးသားများကလည်း တိုး
တိုးညင်းညင်းပြောဆိုနေကြသည်များလည်းရှိသေးသည်။ချန်းယောလ် ဘာမှန်းလည်းအတိအကျမသိသေးသည်ကြောင့်
မလုံမလြဲဖင့်သာ မိမိနေရာသို့လျှောက်လှမ်းလာခဲ့သည်။"ဟဲ့...တကယ်ကြီးလား....?"
"မဖြစ်နိုင်လောက်ဘူးထင်တယ်...ငါတော့မယုံဘူးဟာ..."
တချို့က တစ်ဦးအနားတစ်ဦးကပ်ကာ တိုးကြိတ်ကြိတ်ပြောဆိုကြသလို တချို့ကလည်း ချန်းယောလ်ကိုမနှစ်မြို့သလို လှည့်ကြည့်နေ
ကြသည်။"ချန်းယောလ်ရှီ..."
"ဗျာ..."
အနားကပ်လာသည့် တစ်ဖက်အလုပ်စားပွဲမှ ဂီဆွန်းကြောင့် အလန့်တကြားထူးလိုက်မိသည်။
"သတင်းဖတ်ပြီးပြီလား...?"
"ဘာသတင်း...?"
"ချန်းယောလ်ရှီ မသိသေးဘူးလား...ဒီလောက်နာမည်ကြီးနေတဲ့သတင်းကို...."
ဂီဆွန်းက မျက်နှာမကောင်းသလို အံ့သြတကြီးလည်းဖြစ်ကာ
ခတ်တိုးတိုးဆိုသည်ကြောင့် ဖုန်းထုတ်ကာ
လိုင်းဖွင့်လိုက်သည်။
ဘာသတင်းမို့လို့ အခုလိုအထူးအဆန်းတွေဖြစ်နေသလဲ ချန်းယောလ်သိချင်လာရသည်ကြောင့်။"ဘာလဲဟ..."
အံ့သြခြင်းကြီးစွာ ရေရွတ်လိုက်မိခြင်းနှင့်အတူ ပြူးဝိုင်းကျယ်ဟသွားလေသော ချန်းယောလ်၏မျက်ဝန်းများ။
မြင်လိုက်ရသည်က မယုံကြည်နိုင်လှစွာသော သတင်းခေါင်းစဉ်နှင့်အတူတွဲလျက်ပါရှိသော ဓာတ်ပုံ။*ကိုးရီးယားနိုင်ငံ၏ အကြီးမားဆုံးနှင့်အောင်မြင်မှုအရရှိဆုံး SAHA လုပ်ငန်းစု ကိုယ်စားလှယ် အိုဆယ်ဟွန်း၏ လူမသိသေးသောအချစ်ဇာတ်လမ်း...*

VOUS LISEZ
Guardian(completed)
Roman d'amour*Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား *********** *Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား