Zawgyi
စောင့်ရှောက်သူ
"မင်းတကယ် အိုဆယ်ဟွန်းဆိုတဲ့လူနဲ့တွဲနေတာလား...?"
အတူအလုပ်လုပ်သော စီနီယာဝန်ထမ်းအစ်ကိုကမေးလာတာမို့
ကော်ဖီထုတ်ဖောက်ရန်ပြင်နေသည့် ကျနော့်လက်များ
တန့်ခနဲရပ်သွားသည်။
စာအုပ်တိုက်၏ နားနေခန်းအတွင်း ခေါ်ဖီဖျော်ရန်တည်ထားသော
ရေနွေးအိုးသံမှာ တရူးရူးတရှဲရှဲ။
ပုံမှန်ဆိုနားနေခန်းထဲလာတတ်သူမဟုတ်ပေမဲ့ အဖွဲ့မှူးကကော်ဖီဖျော်ခိုင်းလိုက်သည်မို့ ထိုအခန်းထဲသို့ရောက်လာရကာ စကားစ
မြည်ပြောနေရခြင်း။"သတင်းတွေကတော့ တော်တော်ဟိုးဟိုးကျော်နေတယ်နော်"
သက်ပြင်းလေးလေးကိုတစ်ချက်ခိုးချလိုက်ပြီးနောက် သူ့အားဘာမှခွန်းတုံ့မပြန်မိ။
"ချန်းယောလ်..."
သူ့အခေါ်ကြောင့် ပြန်မော့ကြည့်လိုက်တော့ ပြောစရာစကားတွေပေါနေဟန်ရှိတဲ့ သူကချက်ချင်းဆိုသလိုစကားစတော့သည်။
"မင်းတို့တွဲနေတာ ဘယ်လောက်ကြာပြီလဲဟင်....
ဘယ်မှာတွေ့ကြတာလဲ....?""ဟဲ့....ဂျုံဝူးရယ်...နင်အရူးလို ဘာတွေလျှောက်တွေးနေတာလဲ.....နင်ပြောမှ ဟိုကအိမ်မက်တွေအကြီးကြီးမက်ကုန်ဦးမယ်...အိုဆယ်
ဟွန်းကဖြင့် ဘာမှအတည်တကျပြောလာသေးတာမဟုတ်ဘူး...
တကယ်သာတွဲနေကြတယ်ဆိုရင် တွဲနေတဲ့အကြောင်း confirmလုပ်လာမှာပေါ့ဟ...အလကား တင်တဲ့သတင်းသမားက မဟုတ်တန်း
တရားတွေတင်ပါတယ်ဆို....နင်တို့ကပါလိုက်ယုံနေရင် ဟိုကအကမ်းတက်တော့မှာ...."ဘယ်အချိန်ထိုအခန်းထဲရောက်လာမှန်းမသိတဲ့ စီနီယာလီဒါမြောင်က ထုံးစံမပြတ်စွာကျနော့်အားချိုးချိုးနှိမ်နှ်မ်။
တရဆတ်သူမစကားတွေဟာ လူတစ်ယောကက်ကို အားနာရမှန်းမသိသော ပင်ကိုယ်စိတ်ကြောင့်ထင်ပါရဲ့။
ကျနော်တစ်ယောက်လုံးကို ဘေးမှာထားပြီးထိုသို့ ပစ်ခါစွာပြောထွက်ဖို့ဆိုတာ တော်ရုံလူမျိုးလုပ်နိုင်လေပါ့မလား။
မျက်နှာကိုအောက်ငုံ့၍သာ ဂရုမစိုက်ဟန်နေနေလိုက်ပေမဲ့ နားထဲအလုံးအရင်းလိုက်ဝင်လာသည့် သူမစကားတွေက ဝမ်းနည်းမှုကိုအလုံးအရင်းလိုက်တိုးစေ၏။
YOU ARE READING
Guardian(completed)
Romance*Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား *********** *Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား