Zawgyi
စောင့်ရှောက်သူ
တစ်ကြိမ်တစ်ခါသာ ထိတွေ့ဖူးသည့် ထိုနှုတ်ခမ်းအိအိဟာ ထပ်ကာထပ်ကာသိမ်းပိုက်ချင်လောက်အောင် စွမ်းနိုင်မှုအပြည့်။
သတွေးမြိုချလိုက်ပုံရသည်ကြောင့် လှုပ်ခတ်သွားသောလည်စလုတ်
ကိုမြင်လိုက်သည့်အခါကျနော်စိတ်အစုံဟာအထိန်းအကွပ်မဲ့စွာ။ကလေးငယ်၏ ခတ်ဟဟ နှုတ်ခမ်းဖူးဖူးကိုဦးတည်ကာ ကျနော့်ခန္ဓာကိုယ်ဟာ ဖြည်းညင်းစွာရွေ့လျားသွားသည့်အခါ ကလေး၏အကြည့်များက အသက်ဝင်လာသည်။
ထိကပ်လုနီးနီး အခြေအနေရောက်ချိန် ကလေးငယ်၏မျက်ဝန်းမို့မို့ဟာ ခတ်ဖြည်းဖြည်းမှိတ်ကျသွားသည့်အခါ ထိုနှုတ်ခမ်းဖူးဖူး
ကိုအားရအောင်ရန်ရှာပစ်ဖို့ရန် ကြံရွယ်မိသည်။
ကလေးထံမှ အသက်ရှူသံသဲ့သဲ့ကိုကြားလာရသည့်အထိ၊ ကလေးငယ်နှာဖျားမှ လွတ်ထွက်လာသည့်လေပြည်အေးအေးဟာ ကျ
နော်နှုတ်ခမ်းဖျားကိုတိုးခတ်လာသည်အထိ နီးကပ်နေသည့် အနေအထားသို့ပင်ရောက်လို့နေလေပြီ။"ဘာလုပ်မလို့လဲ....?"
ကလေးငယ်ထံမှ ထွက်ပေါ်လာသည့် စကားသံတိုးတိုး။
သြရှရှကလေး၏ လေသံလေးဟာ ရူးသွပ်ဖို့ရန်အစွမ်းကုန်အင်အားကောင်း၏။"ခါးပတ်ပတ်မှာဆို...?"
ရီဝေဝေမျက်ဝန်းဝိုင်းလေတွေဟာ စောစောကထက်အနည်းငယ် ကျယ်ဟလာသည်။
ကလေး ရယ် ချစ်လိုက်တာကွာ....
"အွန်း..."
သူခိုးလူမိသလို ဟန်ပန်နဲ့ကျနော့်ပုံစံကို ကလေးရယ်ချင်နေမှဖြင့်။
ခါးပတ်ကြိုးကိုသာ ဆွဲယူလိုက်ပြီး ဂျိတ်ကိုချိတ်ပေးလိုက်တော့ကလေးငယ်က ပြုံးပြလာပြန်သည်ကြောင့် ကျနော့်မှာနေမသိထိုင်မသာ။
ထို့နောက် မျက်လုံးဝိုင်းတွေကို မှိတ်ချသွားတဲ့ကလေးငယ်ကြောင့်ကားကိုသာ အာရုံစိုက်၍မောင်းရန်ပြင်လိုက်တော့သည်။****************
ဝေဝါးဝါးအမြင်အာရုံနှင့်အတူ ဦးခေါင်း၏နှောက်ကျိမှုဟာ ပြင်းပြင်းထန်ထန်။
မျက်ရိုးကို လက်ဖြင့်အသာဖိနှိပ်လို့ ကိုယ်ကိုတစ်ချက်ရွေ့
လျားလိုက်သည့်အခါ အိစက်စက်အထိအတွေ့ဟာ အတော်လေးထူးခြားနေသည်ကို သိရသည်။
လေးလံနေသည့် မျက်ဝန်းအစုံကို အတင်းအဓမ္မဖွင့်ဟကြည့်လိုက်တော့ စိမ်းပြာနှင့်ရွှေအိုရောင်ရောစပ်ထားသော ပိုးစောင်ထူထူဟာ
ကိုယ်ပေါ်၍လွှားလျက်ရှိသည်။
YOU ARE READING
Guardian(completed)
Romance*Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား *********** *Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား