သူနဲ့ဆုံတဲ့ကမ္ဘာလေး-၁၉

1.1K 144 10
                                        

Zawgyi

စောင့်ရှောက်သူ

မရေတွက်နိုင်တော့တဲ့ ရက်၊လပေါင်းများစွာ

အသက်ရှင်ခဲ့ရသည့် ကာလတစ်လျှောက်

မင်းနဲ့ဆုံတွေ့ခွင့်ဟာ ဘုရားပေးကတဲ့လက်ဆောင်မွန်ရယ်ပါ...

ရူးသွပ်တယ်ဆိုစေဦး

အကြိမ်ကြိမ်ဒူးထောက်လို့ ကျရှုံးရခြင်းကိုဖက်တွယ်ကာ

အချစ်ကြီးချစ်မယ် ကလေးငယ်...

ပိုင်ရှင်ရှိမင်းကို တွယ်တာမိလို့

ထာဝရ ဒုတိယလူဖြစ်မယ်ဆိုရင်တောင်

ကျေနပ်စွာ တွယ်ဖက်နေဦးမှာမို့

အပြုံးဆိုတဲ့ အင်အားလေးတော့ ပေးသနားလှည့်ပါ...

လေစိမ်းခတ်ကြမ်းကြမ်းတောင် ဖြတ်တိုက်မသွားဝံ့အောင်

မားမတ်စွာကွယ်ကာလို့ စောင့်ရှောက်ခွင့်ရသူဟာ

ကိုယ်သာဖြစ်ပါစေ အသဲငယ်...

မင်းကိုထိခိုက်လာမယ့်အရာဟာ လေပြည်နုနုဆိုရင်တောင်

ကိုယ်တစ်စဆီဖဲ့ခြွေပစ်လိုက်မာ....

*******************

လက်ဖျံကိုကိုင်ကာ အော်မငိုရုံတမယ်နာကျင်နေသော ထိုလူအားနောက်တွင်ရပ်နေသော အုပ်စုထဲမှလူများက အပြေးလာကာဆိုင်ကယ်ပေါ်သို့ ခတ်သွက်သွက်တင်၍မောင်းပြေးသွားကြသည်။

"တစ်ယောက်ထည်းလျှောက်မသွားပါနဲ့
ပြောထားတာကို ဘယ်လိုလုပ်ဒီရောက်နေပြန်တာလဲ...?"

ညည်းညူညူနှင့်အလိုမကျသလို ပြောလာတဲ့အိုဆယ်ဟွန်းလေသံဟာ ဒေါသသံစွက်နေသယောင်မို့ ကျနော်တောင်နေမသိထိုင်မသာ
ဖြစ်ကာ တုံတုံယင်ယင်။

"ဟိုဟာ....ဟိုချင်း...ဆီ ခဏလာတာ...သူအဆောင်မှာရှိလားလို့"

အလိုမကျဟန်ပေါ်လွင်နေသည့် သူမျက်ခုံးတန်းတွန့်တွန့်များကြောင့်
ပြောလက်စ စကားဟာ အထစ်ထစ်အငေါ့ငေါ့။

"ဟူး..."

သူဟာ မျက်ဝန်းနှစ်ဖက်ကို မှိတ်ချလိုက်ခြင်းနည်းတူ သင်ပြင်းခတ်လေးလေးကိုဘာကြောင့်ရယ်မှန်းမသိချလေသည်။

Guardian(completed)Donde viven las historias. Descúbrelo ahora