သူဖန်တီးတဲ့ရင်ခုန်သံ-၁

1.1K 139 30
                                        

Zawgyi

စောင့်ရှောက်သူ

ဤသို့နှင့် ချန်းယောလ်၏နောက်ဆုံးခြေလှမ်းတို့ဟာ နံရံနှင့်ကျောပြင်ထိကပ်သွားကြချိန်တွင် ရပ်တန့်လို့သွားခဲ့သလို ဆယ်ဟွန်းသည်
လည်းအနီးကပ်ဆုံးထိတိုင်တိုးကပ်လို့လာသည်။
ဆယ်ဟွန်း၏လက်နှစ်ဖက်က နံရံသို့
ထောက်လျက်အနေအထားရှိကာ ချန်းယောလ်ပုခုံးစွန်းတစ်ဖက်ဘေးဆီတွင်နေရာယူနေကြသည်။

တစ်ဦးအသက်ရှူသံပါတစ်ဦးကြားလာရသည့် အနီးကပ်ဆုံးအနေအထားတွင် ဆယ်ဟွန်း၏အကြည့်များကလည်းပို၍စူးရဲလာရသည်။
အရပ်ချင်းတန်းတူဖြစ်သည်မို့ ချန်းယောလ်အဖို့မော့ကြည့်ဖို့ရာမလိုသော်လည်း မိမိအားအုပ်မိုးနေသည့်အနေအထားမှာ ချန်းယောလ်
မျက်ဝန်းတို့ဟာပြူးကျယ်နေခဲ့သည်။

ချစ်ခြင်းများစွာကို ဆယ်ဟွန်းမျက်ဝန်းထဲမှအတိုင်းသားမြင်နေရသည့်နည်းတူ အဖြူထည်သောချန်းယောလ်မျက်ဝန်းဝိုင်းများဟာ
လည်း ထူးမခြားသောအဓိပ္ပါယ်ကိုဖော်ဆောင်နေကြသည်။

"မင်းကို အခုလိုမျိုးအမြဲကာကွယ်ပေးမယ်"

ဆယ်ဟွန်းလေသံဟာ တိုးဖျဖျနှင့်ခတ်သြသြနိုင်ကာ ဆွဲဆောင်မှုကပြည့်ဝသည်ထက်ပိုတာမျိုး။
ချန်းယောလ်တုံ့ပြန်မှုမပေးပဲ စူးရဲသောမျက်ဝန်းနက်တို့ကိုသာ ငေးကြည့်နေခဲ့သည်။

"မင်းကို ဘယ်သူမှ အန္တရာယ်မပေးနိုင်အောင်...

ပြီးတော့ ကိုယ့်ဆီကနေ ဘယ်သူမှလုယူမသွားနိုင်အောင် အခုလိုကာကွယ်ပေးမယ်..."

မိမိအားအုပ်မိုးဆီးကာထားသောကိုယ်နှင့်အတူ ထိုစကားတို့ကိုဆိုလာသည့်အခါ ချန်းယောလ်အမှန်တကယ်ပင်လုံခြုံသွားသည့်နှယ်ခံစားမိ၏။

"ဘယ်အချိန်ပဲ ဖြစ်ဖြစ်...ဘာအရေးပဲ ဖြစ်ဖြစ် မင်းလိုအပ်တဲ့အခါ
ကိုယ်ကအပြေးရောက်လာခဲ့ပေးမယ်..."

"ကျနော်က အမြဲတမ်းလိုအပ်နေတယ်ဆိုရင်ရော?"

ချန်းယောလ်က ပေါ့ပေါ့ပါးပါးသာဆိုလိုက်သော ထိုစကားဟာ
ဆယ်ဟွန်းနှလုံးသားဆီသို့ လက်နက်ကြီးထက်အင်အားပြင်းသွား
မှန်းချန်းယောလ်သတိမမူလိုက်မိ။

Guardian(completed)Место, где живут истории. Откройте их для себя